စက်တင်ဘာလအတွက် ဖီဖာအဆင့်သတ်မှတ်ချက် မြန်မာအသင်း ကမ္ဘာ့အဆင့် ၁၆၀ တွင်ရှိ
စက်တင်ဘာလအတွက် ဖီဖာအဆင့်သတ်မှတ်ချက် မြန်မာအသင်း ကမ္ဘာ့အဆင့် ၁၆၀ တွင်ရှိ
==================
ကမ္ဘာ့ဘောလုံးအဖွဲချုပ် (ဖီဖာ) ၏ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းသည် ကမ္ဘာ့အဆင့် (၁၆၀) တွင်ရှိနေသည်။
အာဆီယံတွင်မူ အဆင့် (၇) တွင် ရပ်တည်နေပြီး မြန်မာ၏ နောက်တွင် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနှင့် တီမောတို အသီးသီးရှိနေကြသည်။
ထိုင်းက အဆင့်(၁)၌ ဆက်လက် ရပ်တည်နေပြီး ဗီယက်နမ်၊ အင်ဒို၊ မလေးရှား၊ ဖိလစ်ပိုင်တိုက မြန်မာအသင်းအထက်တွင် အစဉ်လိုက်ရှိနေသည်။
မြန်မာအသင်းသည် စက်တင်ဘာလအတွင်း ဖီဖာ အေအဆင့် နိုင်ငံတကာခြေစမ်းပွဲအဖြစ် စင်ကာပူနှင့် ကစားခဲ့သေးပြီး တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သေးသည်။