မြန်မာ့လက်‌ရွေးစင် ဖူဆယ်အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များ

မြန်မာ့လက်‌ရွေးစင် ဖူဆယ်အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များ

=======================

စက်တင်ဘာလအတွင်း၌ မြန်မာ့လက်‌ရွေးစင် ဖူဆယ်အသင်း၏ အာရှဖလား ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြိုရှိ MFF Futsal Stadium တွင် ကျင်းပသွားရန် ရှိနေသည်။

ထိုပွဲစဉ်များကို စက်တင်ဘာ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းသည် အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်အသင်းတိုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကြည့်ရှုလိုသော ပရိတ်သတ်များအတွက် ကွင်းဝင်ကြေးအဖြစ် (၃၀၀၀) ကျပ် သတ်မှတ်ထားပြီး HTV Youtube Channel မှလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်းလည်း သိရသည်။