လာအိုနိုင်ငံ၌ လာအိုနှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်
လာအိုနိုင်ငံ၌ လာအိုနှင့် ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်
===============
လာအိုတပ်မတော်နှင့် ရုရှားတပ်မတော်တို့က လာအိုနိုင်ငံ၌ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင် ကြောင်းသိရသည်။ “ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် တူညီညာတာဝန်ယူစို့” ဟူသောခေါင်းစဉ်ဖြင့် လုပ်ဆောင်သော အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လာအိုပြည်သူ့တပ်မတော်၏ ကွမ်မာဒန်အကယ်ဒမီ၌ စက်တင်ဘာလ ၁၅ ရက်တွင် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို လာအိုနှင့် ရုရှားနိုင်ငံတို့ကြား သံတမန်ဆက်ဆံ ရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ပြင် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အုတ်မြစ်ချခဲ့သည့် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည် တည်တံ့သော ချစ်ကြည်ရေးကိုဖော်ညွှန်းသည့်အနေဖြင့် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြစ် ကြောင်း Lao national TV က စက်တင်ဘာလ ၁၆ ရက်တွင် ဖော်ပြထားသည်။
အလားတူ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးခိုင်မာစေရန် နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ပိုမိုမြင့်မားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း လာအိုကာကွယ် ရေးဝန်ကြီး က ပြောသည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွင် ပူးတွဲကွပ်ကဲမှုနှင့် ထိန်းချုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေး၊ တိုက်ပွဲဝင်အသင့်ရှိမှုတို့အတွက် အဓိကဦးစားပေးလေ့ကျင့်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ရှုပ်ထွေး သော မြေပြင်အခြေအနေ၊ စိန်ခေါ်မှုရှိသော ရာသီဥတုအခြေအနေများတွင် ပူးတွဲစစ်ဆင်နိုင်စွမ်းများ မြင့်မားစေရန် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။