မန်ယူအသင်း တန်းဆင်းသွားမယ်လို့ စူပါကွန်ပျူတာ တွက်ချက်ထား
မန်ယူအသင်း တန်းဆင်းသွားမယ်လို့ စူပါကွန်ပျူတာ တွက်ချက်ထား
==========
နာမည်ကျော် အချက်အလက်ဝက်ဘ်ဆိုက် Opta ရဲ့ စူပါကွန်ပျူတာက ဒီရာသီမှာ မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ထက် တန်းဆင်းရဖို့က ဖြစ်နိုင်ခြေပိုများတယ်လို့ တွက်ချက်ထားကြောင်း သိရပါတယ်။
စူပါကွန်ပျူတာက ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း(၂၀)ရဲ့ အလားအလာအမျိုးမျိုးကို တွက်ချက်ဖော်ပြခဲ့ရာမှာ မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ (၀.၁၈ %)၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၄.၁၈ %)၊ ယူရိုပါလိဂ်ဝင်ခွင့်ရရှိနိုင်ခြေ (၃.၁၅ %)၊ တန်းဆင်းရနိုင်ခြေ (၁၀.၉၅ %)ရှိတယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အစဉ်အလာထိပ်သီးအသင်းတွေထဲမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရသလို၊ ထိပ်သီးအသင်းတွေထဲမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ခြေထက် တန်းဆင်းရဖို့ ဖြစ်နိုင်ခြေပိုများနေတာကလည်း မန်ယူတစ်သင်းသာရှိကြောင်း သိရပါတယ်။
လက်ရှိအချိန် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းကတော့ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေလုံးဝမရှိတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။
လတ်တလောမှာ တန်းဆင်းရဖို့ ဖြစ်နိုင်ခြေအများဆုံးအဖြစ် သတ်မှတ်ခံထားရတာကတော့ ဘန်လေအသင်းဖြစ်ကြောင်းလည်း သိရပါတယ်။