ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးဆန္ဒတဲ့ လူပေါင်း ၁ သိန်းကျော်နဲ့ ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်
ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးဆန္ဒတဲ့ လူပေါင်း ၁ သိန်းကျော်နဲ့ ရဲတပ်ဖွဲ့ ခိုက်ရန်ဖြစ်
ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ Tommy Robinson က စီစဉ်တဲ့ “Unite the Kingdom” ချီတက်ပွဲကို လူပေါင်း ၁သိန်း၁သောင်း ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။
ချီတက်ဆန္ဒပြကြသူတွေကို ခွင့်ပြုထားတဲ့ လမ်းကြောင်းဟာ အစိုးရ အဆောက်အဦတွေအများအပြားရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ လမ်းမကြီးဖြစ်ပေမယ့် လမ်းအပြည့်ဖြစ်လာတဲ့လူအုပ်ကြီးကြောင့် ရဲတွေ အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေလွန်ဆန်လာတာကြောင့် ရဲတပ်ဖွဲ့နဲ့ နှစ်ဖက်ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး အကြမ်းဖက်မှုကို တားဆီးဖို့ ကြိုးပမ်းနေတဲ့ ရဲတွေကို ကန်ကျောက်တာ လက်သီးတွေနဲ့ထိုးတာ ပုလင်းတွေ မီးကျည်တွေ အခြားကျည်ဆန်တွေနဲ့ ပစ်ပေါက်ခြင်းခဲ့ကြတယ်လို့ သိရပါတာ့။
အဲဒီလိုပစ်ပေါက်ခံရတာကြောင့် ရဲအရာရှိ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သလို ဆန္ဒပြသူ စုစုပေါင်း ဖမ်းမိသူ ၂၅ ဦးရှိတယ်လို့ သိရပါတယ်။