ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတိုင်း/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်
ဒေါက်တာမောင်သင်းတိုင်း/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
=========================
မန္တလေး စက်တင်ဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းသည်
စက်တင်ဘာလ (၉)ရက်နေ့က
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော
တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်ခဲ့ပါသည်။
အစည်း အဝေးတွင် ပါတီဗဟိုအလုပ်အမှု ဆောင်
ဒေါက်တာမောင်သင်းက ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ အားလုံးကြိုး စားဆောင်ရွက်ကြရန်၊အောင်နိူင်ရေးဆောင်ရွက်ရာတွင် နိူင်ကိုနိူင်ရမည်ဟူသော အောင်နိူင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊နယ်မြေဒေသအခြေအနေအရ ဆောင်ရွက် ၍ရသော အောင်နိူင်ရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် ခရိုင်/မြို့ နယ်ပါတီကော်မတီဝင်အားလုံး တက်ညီလက်ညီပူးပေါင်း၍ အောင်နိူင်ရေးလုပ်ငန်းစဥ်များအား ဆောင် ရွက်သွားကြရန်၊ရက်အလိုက် လုပ် ငန်းဆောင်ရွက်မည့် အစီအစဥ်များ ရေးဆွဲဆောင်ရွက်ကြရန်၊ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်အောင်နိူင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသည့်
ခရိုင်/မြို့နယ်များ၏ နယ်မြေဒေသအခြေအနေများ တင်ပြဆွေးနွေးမှုများအပေါ်ပါတီဗဟိုအလုပ် အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့
ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးညွန့်ဆောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံ၊မဟာအောင် မြေ၊အမရပူရ၊ပြင်ဦးလွင်၊ကျောက်ဆည်၊တံတားဦးခရိုင်တို့မှ ဥက္ကဌ၊အတွင်းရေးမှူးများ၊အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊အတွင်းရေးမှူးများ၊စုစုပေါင်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။