(၂၀၂၄-၂၀၂၅)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
(၂၀၂၄-၂၀၂၅)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်
=====================
စက်တင်ဘာ ၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် (၂၀၂၄-၂၀၂၅)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရနှင့် ရိုးရိုးအောင်မြင်ခဲ့သော ပါတီဝင်များ၏ သား/သမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ၆-၉-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၃၀ အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီအသီးသီးမှ ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဝင်များ၏ သား/သမီးများထဲမှ ၆ ဘာသာဂုဏ်ထူးရှင် (၃)ဦးအား ပါတီဥက္ကဋ္ဌ ဦးခင်ရီမှလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရှင် (၂)ဦးအား ပါတီဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်မေစိုးမှလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦးနှင့် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦးအား ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်းတို့မှလည်းကောင်း၊ ဆက်လက်ပြီး (၃)ဘာသာဂုဏ်ထူးရှင်များနှင့် ပါတီဌာနချုပ်မှ ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား အထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာသန်းထွန်း၊ ဦးပိုက်ထွေး၊ ဦးသူရိန်ဇော်၊ ဒေါက်တာစန်းစန်းနွယ်နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးစိုးနိုင်၊ ဦးမောင်မြင့်တို့က ဂုဏ်ပြုဆုများအား အသီးသီးချီးမြှင်ခဲ့ကြပါသည်။
ဆက်လက်ပြီး ဂုဏ်ပြဆုငွေများ ချီးမြင့်သည့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော တိုင်းဒေသကြီး/ပြည်နယ်ပါတီများမှ ပါတီဝင်များ၏ ကျောင်းသား/ကျောင်းသူ သား/သမီးများအတွက် ကိုယ်စားပေးအပ်ရာ တိုင်းဒေသကြီးပါတီ(၉)ခု အတွက် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးကလည်းကောင်း၊ ပြည်နယ်ပါတီ(၆)ခုအတွက် ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးရာဝမ်ဂျုံးကလည်းကောင်း လက်ခံယူခဲ့ပါသည်။ ထို့နောက် ဆုရကျောင်းသား/ကျောင်းသူများ၏ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ ၁၆၂၀ အချိန်တွင် အခမ်းအနား ပြီးမြောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများနှင့်ဇနီးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘများ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ အင်အား(၃၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။