အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ လီဗာပူးလ် သဘောတူညီမှုရရှိ

အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ လီဗာပူးလ် သဘောတူညီမှုရရှိ

===============

လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းက ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၂၅)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

အီဆက်ခ်ဟာ ဒီမနက်မှာ လီဗာပူးလ်အသင်းနဲ့ ဆေးစစ်မှုပြုလုပ်ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

အီဆက်ခ်ဟာ ဒီနွေမှာ လီဗာပူးလ်အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဖြစ်ခဲ့တာကြောင့် စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ကာလရှည်ကြိုးပမ်းခဲ့တာဖြစ်ပြီး စျေးကွက်ပိတ်မယ့် နောက်ဆုံးနေ့မှာမှ စာချုပ်ချုပ် ဆိုနိုင်မှာပါ။

အီဆက်ခ်ကလည်း လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေတာကြောင့် နယူးကာဆယ်အသင်းကို အတိုက်အခံလုပ်ခဲ့ပြီး နောက်ဆုံးမှာ နယူးကာဆယ်အသင်းက လိုက်လျောပေးခဲ့တာပါ။

လီဗာပူးလ်အသင်းက အီဆက်ခ်ကို ပေါင်သန်း(၁၁၀)နဲ့ ပထမအကြိမ်ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာကြောင့် ပေါင်(၁၂၅)သန်းအထိ တိုးမြှင့််ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။