ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတိုင်း/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းတိုင်း/ခရိုင်/မြို့နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
========================
မိတ္ထီလာ ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း/ခရိုင်/မြို့နယ် လုပ် ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မိတ္ထီလာ၊ရမည်းသင်း၊ညောင်ဦးခရိုင်တို့မှ ဥက္ကဌ၊အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊အဆိုပါခရိုင်များအတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊စုစုပေါင်းအင်အား ၇၅ဦး တက်ရောက်ခဲ့ကြပါသည်။

လုပ်ငန်းညှိ နှိုင်းအစည်း အဝေးအား နိူင်ငံတော်အလံလေးပြုကာ နိူင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက ရွေးကောက်ပွဲ ကျင်း ပမည့်ရက် နီးကပ်လာပြီဖြစ်၍ အားလုံးကြိုးစားဆောင်ရွက်ကြရန်၊အောင်နိူင်ရေးဆောင်ရွက်ရာတွင် နိူင်ကိုနိူင်ရမည်ဟူသော အောင်နိူင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရန်၊နယ်မြေဒေသအခြေအနေအရ ဆောင်ရွက်၍ရသော အောင်နိူင်ရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် ကွင်းဆင်းစည်းရုံးဟော ပြောရေးအဖွဲ့များမှ အဖွဲ့ခွဲ၍ နယ် မြေအတွင်း ကွင်းဆင်းစည်းရုံး ဆောင်ရွက်သွားရန်၊ခရိုင်/မြို့နယ်ပါတီကော်မတီဝင်အားလုံး တက် ညီလက်ညီ ပူးပေါင်း၍ အောင်နိူင်ရေးလုပ်ငန်းစဥ်များအား ဆောင် ရွက်သွားကြရန်၊ပါတီဝင်များ၊မိသားစုများ၊ပါတီဝန်းရံသူများနှင့်မပြတ်ထိတွေ့စည်းရုံးသွားရန်၊ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် အောင်နိူင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရန်နှင့်အောင်နိူင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်များမှ ရွေးကောက်ပွဲအောင်နိူင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား တင်ပြဆွေး နွေးခဲ့ကြပါသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပါတီဗဟိုအလုပ် အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။