ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီတာဝန်ရှိသူများ ပေါက်ခေါင်းမြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာလုပ်ငန်းစဥ်များဆွေးနွေး
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊တိုင်းပါတီတာဝန်ရှိသူများ ပေါက်ခေါင်းမြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာလုပ်ငန်းစဥ်များဆွေးနွေး
========================
ပြည် ဩဂုတ် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တိုင်းပါတီ ဥက္ကဌ ဦးအောင်ချိုဦး ၊တိုင်းပါတီ အတွင်းရေးမှူး ဦးကျော်ကျော်လင်း ၊တိုင်းဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များခရိုင်ပါတီဥက္ကဌ တို့သည်တိုင်းပါတီရုံးအစည်းဝေးခန်းမတွင် ပေါက်ခေါင်းမြို့နယ် ကော်မတီအဖွဲ့နှင့်တွေ့ဆုံပြီးရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာလုပ်ငန်းစဥ်များကိုဆွေးနွေးညှိနှိုင်းခဲ့ပါသည်။