ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတောင်ငူမြို့တွင် တိုင်း ခရိုင် မြို့နယ်ပါတီတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတောင်ငူမြို့တွင် တိုင်း ခရိုင် မြို့နယ်ပါတီတာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေး
=============================
တောင်ငူ ဩဂုတ် ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းသည် ဩဂုတ်လ(၂၃)ရက်နေ့က
ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီတာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့၊ ပြည်ခိုင်ဖြိုးပါတီရုံးတွင် တိုင်း၊ခရိုင်၊ မြို့နယ်ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ရှေးဦးစွာတက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအလေးပြုခြင်း ၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်း တို့အား ဆောင်ရွက်ခဲ့ကြပြီး အစီအစဥ်များအရ ပါတီဗဟို အလုပ်အမှုဆောင်ဦးလှသိန်း ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ ဥက္ကဌဦးရဲမြင့်ထွန်း၊ တောင်ငူခရိုင်ပါတီ ဥက္ကဌဦးကျော်ဌေး၊ မြို့နယ်ဥက္ကဌဦးသန်းစိုးတို့မှ ပါတီ၏ စီမံဆောင်ရွက်နေသောလုပ်ငန်းကိစ္စရပ်များအား ကဏ္ဍများအလိုက် အသေးစိတ်ချပြ ရှင်းလင်းခဲ့ပါသည်။

တက်ရောက်လာကြသော တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၄)အုပ်စုရှိ ပါတီခေါင်းဆောင်များမှနယ်မြေ ဒေသအလိုက်ဆောင် ဆောင်ရွက်နေသော ပါတီကိစ္စရပ်များအား တင်ပြခဲ့ကြပြီးအပြန်အလှန် ဆွေးနွေး၍ ရှေ့လုပ်ငန်းစဥ်များအား ချမှတ်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်းပါတီဥက္ကဋ္ဌဦးဆောင်အဖွဲ့၏ ကိုယ်စား တိုင်းလူငယ်ရေးရာတွဲဖက်တာဝန်ခံ ဦးအောင်ညီညီစိုးမှ ပါတီလုပ်ငန်းတာဝန်များ ထမ်းဆောင်နေစဥ် သေဆုံးခဲ့ရသော ပါတီဝင်တစ်ဦး၏ မိသားစုအားသိန်း (၃၀)ထောက်ပံ့ခြင်း တောင်ငူမြို့နယ်၌ ပါတီ၏တာဝန်များအား စွမ်းစွမ်းတမံ ဆောင်ရွက်နေသူများအား ဂုဏ်ပြုဆုများအား ပေးအပ်ချီးမြှင့်ခဲ့သည်။