ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ၊တိုင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်

ဦးတင့်လှိုင်မြင့်စစ်ကိုင်းတိုင်းဒေသကြီး၊ပြည်ခိုင်ဖြိုးပါတီ၊တိုင်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်း

အဝေးသို့တက်ရောက်

==============================

မုံရွာ ဩဂုတ် ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင်

ဩဂုတ်လ (၂၅)ရက်နေ့၌တိုင်းဒေသကြီးပါတီကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို Zoom Meetingဖြင့် ကျင်းပပြုလုပ်ခဲ့ရာပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်

ဦးတင့်လှိုင်မြင့်၊စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဦးမင်းမင်းဇေယျာမြင့်၊အတွင်းရေးမှူးများဖြစ်ကြသည့် ဦးအောင်ဇော်ဦး(အောက်ပိုင်းဒေသ)၊ဦးစောမြင့်ဦး(အထက်ပိုင်းဒေသ)နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များမှ Zoom Meeting ဖြင့်အစည်းအဝေးတက်ရောက်ကြပါသည်။

 

အစည်းအဝေးတွင်ပါတီ ဗဟိုအလုပ်အမှုဆောင်

ဦးတင့်လှိုင်မြင့်၊တိုင်းပါတီဥက္ကဋ္ဌနှင့်တိုင်းပါတီအတွင်းရေးမှူးတို့မှ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးတက်ရောက်သူများ၏တင်ပြဆွေးနွေးမေးမြန်းမှုများကိုဗဟိုအလုပ်အမှုဆောင်နှင့်တိုင်းပါတီဥက္ကဌတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။