အိမ်ဖြူတော်က တစ်တော့အက်ပလီကေးရှင်း စတင်အသုံးပြု
အိမ်ဖြူတော်က တစ်တော့အက်ပလီကေးရှင်း စတင်အသုံးပြု
=================
ဝါရှင်တန် ဩဂုတ် ၂၀ အိမ်ဖြူတော်က ၎င်း၏ တရားဝင် တစ်တော့အကောင့်ကို ဩဂုတ် ၁၉ ရက် တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တစ်တော့အက်ပလီကေးရှင်းကို အမေရိကန်ကုမ္ပဏီတစ်ခုသို့ ရောင်းချရန် သို့မဟုတ် နိုင်ငံအတွင်း၌ သုံးစွဲမှုတားမြစ် ပိတ်ပင်ရန် စဉ်းစားသုံးသပ်လျက်ရှိစဉ် အိမ်ဖြူတော်က တရားဝင်တစ်တော့ အကောင့်ကို စတင်ဖွင့်လှစ်အသုံးပြုခဲ့ ခြင်းဖြစ်သည်။
အိမ်ဖြူတော်၏ တရားဝင်အကောင့် သည် ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏ကနဦး ဗီဒီယိုတစ်ခုကို စတင်ပို့စ် တင်ခဲ့သည်။ အဆိုပါဗီဒီယိုတွင် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ထောက်ခံအားပေး သူများနှင့် အပြန်အလှန်စကားပြောဆိုနေ ပုံကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်တစ်ခုဖြစ်ပြီး ကြာမြင့်ချိန် ၂၇ စက္ကန့်ရှိကြောင်း သိရသည်။
ပို့စ်တင်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အိမ်ဖြူတော်၏ တရားဝင် တစ်တော့အကောင့်မှာ ထောက်ခံအားပေး သူ ၅၇၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရ သည်။
ပြီးခဲ့သည့်နှစ်အတွင်း သမ္မတဒေါ်နယ် ထရမ့်၏ သမ္မတရွေးကောက်ပွဲအတွက် အသုံးပြုသည့် တစ်တော့အကောင့်တွင် သည်။ ထောက်ခံအားပေးသူ ၁၅ သန်းကျော်ရှိသည်။
Byte Dance ကုမ္ပဏီပိုင်ဆိုင် သည့် တစ်တော့အက်ပလီကေးရှင်းကို အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုသို့ ရောင်းချခြင်းမရှိပါက နိုင်ငံအတွင်း၌ အသုံးပြုခွင့်ရပ်ဆိုင်းမည်ဆိုသည့် အမိန့် တစ်ရပ်ကို ဒေါ်နယ်ထရမ့်က ၎င်း၏ပထမသက်တမ်းတွင် လက်မှတ်ရေးထိုး ခဲ့သည်။ သို့သော် အဆိုပါအမိန့်သည် အသက်ဝင်ခြင်းမရှိခဲ့ပေ။
ဒုတိယသက်တမ်းအတွင်း တစ်တော့ သုံးစွဲခွင့် နောက်ဆုံးသတ်မှတ်ရက်ကို ဇန်နဝါရီ ၂၀ ၂ဝ ရက်နှင့် ဧပြီ ၄ ရက်တို့တွင် ၇၅ ရက်စီ သက်တမ်းတိုးမြှင့်ခဲ့သည်။ ဇွန် ၁၉ ရက်တွင် နောက်ထပ် ရက်ပေါင်း ၉ဝ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရာ စက်တင်ဘာ ၁၇ ရက်အထိ နိုင်ငံအတွင်း တစ်တော့ သုံးစွဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား – ဆင်ဟွာ