မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ကြီးကြပ်မည့်ဒိုင်လူကြီးကို အာဆင်နယ် အသင်းပရိသတ်များဝေဖန်

မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ကြီးကြပ်မည့်ဒိုင်လူကြီးကို အာဆင်နယ် အသင်းပရိသတ်များဝေဖန်

လန်ဒန်  သြဂုတ်  ၁၃

‌အာဆင်နယ်အသင်းပရိသတ်များသည်     မန်ယူအသင်းနှင့်   ယှဉ်ပြိုင်ကစားမည့်  ယခုဘောလုံးရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင်       ကြီးကြပ်မည့်   ဒိုင်လူကြီးကို ဝေဖန်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

‌အာဆင်နယ်အသင်းနှင့် မန်ယူအသင်းတို့၏  ပရီးမီးယားလိဂ်ပွဲစဉ်(၁)အဖွင့်ပွဲစဉ်ကို ဩဂုတ်လ ၁၇ရက်တွင်   ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး  အဆိုပါပွဲစဉ်အတွက် ဒိုင်လူကြီးစာရင်းအား ကြေညာ ခဲ့ပြီးနောက် အာဆင်နယ်အသင်းပရိသတ်များက  ဝေဖန်ကြခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆိုင်မွန်ဟိုးပါက တာဝန်ယူကိုင်တွယ်မည်ဖြစ်ပြီး စတုတ္ထ ဒိုင်လူကြီးအဖြစ် ဂျာရတ်ဂေးလက်ကို ခန့်အပ်ခဲ့သော်လည်း VAR ဒိုင်လူကြီးအဖြစ် ပေါလ်တီယာနေးကို ခန့်အပ်ခဲ့သည်။

ပေါလ်တီယာနေးသည်   အာဆင်နယ်အသင်း၏ ယခင်ပွဲစဉ်များတွင်  အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက် များ ချမှတ်ခဲ့ဖူးပြီး ၎င်းသည် ၂၀၂၃ ခုနှစ်က မန်ယူ အသင်းကို  ၃ ဂိုး-၁ ဂိုးဖြင့်  ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် မာတင်နယ်လီ၏ဂိုးကို  ခွင့်မပြုခဲ့ဘဲ  အာဆင်နယ် အသင်း၏ ချန်ပီယံမျှော်လင့်ချက်လည်း အဆုံးသတ် ခဲ့ရသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်သည်။

‌ထို့ပြင် အာဆင်နယ်အသင်းနည်းပြ အာတီတာကလည်း ၂၀၂၂ ခုနှစ်က စပါးအသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင်   ပေါလ်တီယာနေး၏ ဆုံးဖြတ်ချက်များကို ဝေဖန်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

Ref; Goal.com