========================
မိတ္ထီလာ ဩဂုတ် ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းသည် မုန်ပင်ဆည်ဆရာတော် ဦးဝိနိယနှင့်ကန်သာအေးကျောင်းဆရာတော် ဦးကုဏ္ဍလတို့ထံသို့ သွားရောက်ဖူးမျှော်ပြီး ဝတ္ထုငွေဆက်ကပ်လှုဒါန်းမှုနှင့်မုန်ပင်ဆည် ဘကကျောင်းမှ ကျောင်းသား/သူများအား ပညာ ရေးအကြောင်း ဟောပြော
========================
မိတ္ထီလာ ဩဂုတ် ၁၁
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာမောင်သင်းသည် မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုး ဦးဇေယျာဟိန်းနှင့်အတူ မိတ္ထီလာမြို့နယ်၊မုန်ပင်ဆည်ကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ ကျောင်း သား/သူများအား နှုတ်ဆက်စကားပြောကြားခဲ့ပြီး ကျောင်းနေပျော်၍စာတော်ရမည်ဖြစ်ကြောင်း၊မိမိဘဝမြှင့်တင်နိုင်ရန် ပညာရေးသည် အဓိကကျကြောင်းနှင့်ပညာ သင်ကြားရသည့်ရည်ရွယ်ချက်များအကြောင်း ဟောပြောခဲ့ကာ မုန်ပင်ဆည်ဆရာတော် ဦးဝိနိယအား ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသည် ကန်သာအေးကျောင်းဆရာတော် ဦးကုဏ္ဍလ ထံသို့ သွားရောက်ဖူးမျှော်ပြီး ဝတ္ထုငွေ ဆက်ကပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။