ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံရွစ္(MLWC) လက္ေဝွ႔ၿပိဳင္ပြဲက်င္းပမည္

ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံရွစ္(MLWC) လက္ေဝွ႔ၿပိဳင္ပြဲက်င္းပမည္
===========================
ျမန္မာႏိုင္ငံလက္ေဝွ႔အဖြဲ႕ခ်ဳပ္က ႀကီးမႉးၿပီး Myanmar Martial Arts Group က စီစဥ္က်င္းပမည့္ ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံရွစ္(MLWC) (၁၀)ႏွစ္ေျမာက္အထိမ္းအမွတ္လက္ေဝွ႔ၿပိဳင္ပြဲကို ၂၀၂၅ ခုႏွစ္ ဩဂုတ္လ ၁၇ ရက္မြန္းလြဲ ၂ နာရီတြင္ ရန္ကုန္တိုင္းေဒသႀကီး၊မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ သိမ္ျဖဴလမ္းရွိ သိမ္ျဖဴအားကစားခန္းမ၌ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

ယင္းၿပိဳင္ပြဲတြင္ အီရန္၊ အေမရိကန္၊ ကေမာၻဒီးယားလက္ေဝွ႔ကစားသမားမ်ားႏွင့္ ထိုးသတ္မည့္ ပြဲစဥ္သုံးဆိုင္းႏွင့္ ျပည္တြင္းတြဲဆိုင္းသုံးဆိုင္း စုစုေပါင္းေျခာက္ဆိုင္း ထိုးသတ္ၾကမည္ ျဖစ္သည္။

အဆိုပါ ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံရွစ္လက္ေဝွ႔ၿပိဳင္ပြဲ ျပည္တြင္းပြဲ ၅၄ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ သိန္းစိုး(Nine Lethwei)ႏွင့္ ဆလိုင္းထန္ခြီးရွိန္(က်ားမႏိုင္)၊ ၆၄ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ ႏိုင္ဝင္းထြန္း(Nine Lethwei)ႏွင့္ သက္ဝင္းေအာင္(ဒို႔႐ိုးရာ)၊ ၆၁ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ ေစာမင္းမင္း(ဒို႔႐ိုးရာ)ႏွင့္ ေသြးသစ္ေမာင္(အျဖဴေရာင္ေသြးသစ္)တို႔ ပါဝင္ထိုးသတ္ၾကမည္ျဖစ္သည္။

ထို႔အတူ ၆၄ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ ျမန္မာ့လက္ေဝွ႔ေက်ာ္ ထြန္းမင္းႏိုင္ႏွင့္ လက္ေဝွ႔ခ်န္ပီယံ ဖန္ခဲရင္(ကေမာၻဒီးယား)၊ ၆၆ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ စူပါေရခ်မ္းႏွင့္ မာ့(ခ္)အန္တန္ဘတ္ (အေမရိကန္)၊ ေခါင္တြဲဆိုင္း ၈၀ ကီလို ငါးခ်ီအလဲထိုးစနစ္တြင္ ျမန္မာျပည္ခ်န္ပီယံ ထြန္းထြန္းမင္းႏွင့္ ေကဝမ္း(အီရန္)တို႔ အသီးသီး ယွဥ္ၿပိဳင္ထိုးသတ္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။


မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်(MLWC) လက်ဝှေ့ပြိုင်ပွဲကျင်းပမည်
===========================
မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Myanmar Martial Arts Group က စီစဉ်ကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်(MLWC) (၁၀)နှစ်မြောက်အထိမ်းအမှတ်လက်ဝှေ့ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အီရန်၊ အမေရိကန်၊ ကမ္ဘောဒီးယားလက်ဝှေ့ကစားသမားများနှင့် ထိုးသတ်မည့် ပွဲစဉ်သုံးဆိုင်းနှင့် ပြည်တွင်းတွဲဆိုင်းသုံးဆိုင်း စုစုပေါင်းခြောက်ဆိုင်း ထိုးသတ်ကြမည် ဖြစ်သည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ်လက်ဝှေ့ပြိုင်ပွဲ ပြည်တွင်းပွဲ ၅၄ ကီလို ငါးချီအလဲထိုးစနစ်တွင် သိန်းစိုး(Nine Lethwei)နှင့် ဆလိုင်းထန်ခွီးရှိန်(ကျားမနိုင်)၊ ၆၄ ကီလို ငါးချီအလဲထိုးစနစ်တွင် နိုင်ဝင်းထွန်း(Nine Lethwei)နှင့် သက်ဝင်းအောင်(ဒို့ရိုးရာ)၊ ၆၁ ကီလို ငါးချီအလဲထိုးစနစ်တွင် စောမင်းမင်း(ဒို့ရိုးရာ)နှင့် သွေးသစ်မောင်(အဖြူရောင်သွေးသစ်)တို့ ပါဝင်ထိုးသတ်ကြမည်ဖြစ်သည်။

ထို့အတူ ၆၄ ကီလို ငါးချီအလဲထိုးစနစ်တွင် မြန်မာ့လက်ဝှေ့ကျော် ထွန်းမင်းနိုင်နှင့် လက်ဝှေ့ချန်ပီယံ ဖန်ခဲရင်(ကမ္ဘောဒီးယား)၊ ၆၆ ကီလို ငါးချီအလဲထိုးစနစ်တွင် စူပါရေချမ်းနှင့် မာ့(ခ်)အန်တန်ဘတ် (အမေရိကန်)၊ ခေါင်တွဲဆိုင်း ၈၀ ကီလို ငါးချီအလဲထိုးစနစ်တွင် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် ကေဝမ်း(အီရန်)တို့ အသီးသီး ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း သိရသည်။