ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ တြဲဖက္အေတြေထြအတြင္းေရးမႉးဦးတင္ေအာင္ခ်စ္ပါတီ၀င္မ်ား ၊ပါတီ၀န္းရံသူမ်ားႏွင့္ ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ တြဲဖက္အေတြေထြအတြင္းေရးမႉးဦးတင္ေအာင္ခ်စ္ပါတီ၀င္မ်ား ၊ပါတီ၀န္းရံသူမ်ားႏွင့္ ေတြ႕ဆုံ
=============================
ေအာင္လံ ဩဂုတ္ ၈

မေကြးတိုင္းေဒသႀကီး၊ေအာင္လံခ႐ိုင္၊ ေအာင္လံၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ႐ုံးခန္းမတြင္ စမ္းေခ်ာင္းရပ္ကြက္မွ ပါတီ၀င္မ်ား ၊ပါတီ၀န္းရံသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပခဲ့ပါသည္။

ေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ခ႐ိုင္ပါတီဥကၠဌ ဦးစန္းလြင္၊ၿမိဳ႕နယ္ပါတီအတြင္းေရးမႉး ဦးစိုးျမင့္ ၊ၿမိဳ႕နယ္ပါတီဘ႑ာေရးမႉး ဦးေက်ာ္သူရ၊ခ႐ိုင္၊ၿမိဳ႕နယ္ ပါတီေကာ္မတီ၀င္မ်ား ၊စမ္းေခ်ာင္းရပ္ကြက္မွပါတီ၀င္မ်ား၊ပါတီ၀န္းရံသူ(၂၇၀)ဦးတက္ေရာက္ခဲ့ၿပီး ခ႐ိုင္ပါတီဥကၠဌ ဦးစန္းလြင္မွ လက္ရွိႏိုင္ငံေရးအေျခအေနမ်ား၊ေတြ႕ဆုံပြဲက်င္းပရျခင္းအေၾကာင္းမ်ား၊ေ႐ြးေကာက္ပြဲအေျခအေနမ်ားအားရွင္းလင္းေျပာၾကားခဲ့ပါသည္။

၎ေနာက္ပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ မွ မိတ္ဆက္စကားေျပာၾကားျခင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္မ်ားအား ရွင္းလင္းေျပာၾကား ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကသူမ်ားမွ အျပန္အလွန္ေဆြးေႏြးခဲ့ၿပီး ေန႔လည္ (၁၁)နာရီတြင္ ေတြ႕ဆုံပြဲအခမ္းအနားၿပီးဆုံးခဲ့ပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်ပါတီ၀င်များ ၊ပါတီ၀န်းရံသူများနှင့် တွေ့ဆုံ
=============================
အောင်လံ ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် စမ်းချောင်းရပ်ကွက်မှ ပါတီ၀င်များ ၊ပါတီ၀န်းရံသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးမြင့် ၊မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးကျော်သူရ၊ခရိုင်၊မြို့နယ် ပါတီကော်မတီ၀င်များ ၊စမ်းချောင်းရပ်ကွက်မှပါတီ၀င်များ၊ပါတီ၀န်းရံသူ(၂၇၀)ဦးတက်ရောက်ခဲ့ပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင်မှ လက်ရှိနိုင်ငံရေးအခြေအနေများ၊တွေ့ဆုံပွဲကျင်းပရခြင်းအကြောင်းများ၊ရွေးကောက်ပွဲအခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ် မှ မိတ်ဆက်စကားပြောကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ပြီး နေ့လည် (၁၁)နာရီတွင် တွေ့ဆုံပွဲအခမ်းအနားပြီးဆုံးခဲ့ပါသည်။