တပ္ကုန္းၿမိဳ႕ကိုဗဟိုျပဳၿပီး ငလ်င္လႈပ္ခတ္

တပ္ကုန္းၿမိဳ႕ကိုဗဟိုျပဳၿပီး ငလ်င္လႈပ္ခတ္
=====================
ၾသဂုတ္ ၇ ရက္ေန႔တြင္ ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳကိုဗဟိုျပဳ၍လႈပ္ခတ္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

ည ၉ နာရီ ၁ မိနစ္ ၅၉ စကၠန္႔က တပ္ကုန္းၿမိဳ၏ အေနာက္-အေနာက္ေတာင္ဘက္(၁၁)မိုင္ခန႔္အကြာ အနက္(၁၀)ကီလိုမီတာကိုဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး(၄ ဒသမ ၅)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ငလ်င္လႈပ္ခတ္မႈကို တပ္ကုန္းၿမိဳႏွင့္ အနီးဝန္းက်င္ေနသူမ်ား သိသိသာသာခံစားခဲ့ရေၾကာင္း ေဒသခံမ်ားက ၎တို၏ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ေရးသားေဖာ္ျပထားၾကသည္။

ယေန႔ ၾသဂုတ္ ၇ ရက္ေန႔လည္ ၃ နာရီ ၄၀ မိနစ္ ၂၇ စကၠန္႔ကလည္း လင္းေခးၿမိဳ၏ အေနာက္-အ ေနာက္ေတာင္ဘက္(၁၂)မိုင္ခန႔္အကြာ၊ အနက္(၁၀) ကီလိုမီတာကိုဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး (၃ ဒသမ ၉)အဆင့္ရွိ အင္အားအနည္းငယ္ရွိေသာငလ်င္တစ္ခုလႈပ္ခတ္ခဲ့သည္။


တပ်ကုန်းမြို့ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်
=====================
သြဂုတ် ၇ ရက်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြိုကိုဗဟိုပြု၍လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ည ၉ နာရီ ၁ မိနစ် ၅၉ စက္ကန့်က တပ်ကုန်းမြို၏ အနောက်-အနောက်တောင်ဘက်(၁၁)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကို တပ်ကုန်းမြိုနှင့် အနီးဝန်းကျင်နေသူများ သိသိသာသာခံစားခဲ့ရကြောင်း ဒေသခံများက ၎င်းတို၏ လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြထားကြသည်။

ယနေ့ သြဂုတ် ၇ ရက်နေ့လည် ၃ နာရီ ၄၀ မိနစ် ၂၇ စက္ကန့်ကလည်း လင်းခေးမြို၏ အနောက်-အ နောက်တောင်ဘက်(၁၂)မိုင်ခန့်အကွာ၊ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။