အိႏၵိယက ႐ုရွားေရနံမ်ားကို ဆက္လက္ဝယ္ယူ
အိႏၵိယက ႐ုရွားေရနံမ်ားကို ဆက္လက္ဝယ္ယူ
===================
အေမရိကန္သမၼတေဒၚနယ္ ထရမ့္ က သတိေပးထားသည့္တိုင္ အိႏၵိယႏိုင္ငံအေနျဖင့္ ႐ုရွားေရနံမ်ားကို ဆက္လက္ဝယ္ယူမည္ျဖစ္ေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပထားသည္။
႐ုရွားႏိုင္ငံမွေရနံမ်ား ဝယ္ယူေနသည့္အတြက္ အိႏၵိယႏိုင္ငံကို အေရးယူမည္ျဖစ္ေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က ၿပီးခဲ့တဲ့လအတြင္းက ေၾကညာထားသည္။
သို႔ရာတြင္ လက္ရွိအခ်ိန္ထိ သမၼတ ေဒၚနယ္ထရမ့္ ၏ သတိေပးခ်က္ေၾကာင့္ အိႏၵိယႏိုင္ငံ၏ မူဝါဒမွာ အေျပာင္းအလဲမရွိေသးဘဲ ႐ုရွားမွ ေရနံမ်ားကို ဆက္လက္ဝယ္ယူ ေနဆဲျဖစ္ေၾကာင္း အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက မီဒီယာမ်ားသို႔ ထုတ္ေဖာ္ေျပာၾကား ခဲ့သည္။
ထိုနည္းတူ ႐ုရွားေရနံမ်ား ဝယ္ယူေနမႈကို ရပ္တန႔္ေရးအတြက္ အိႏၵိယအစိုးရကလည္း ေရနံကုမၸဏီမ်ားကို ၫႊန္ၾကားထားျခင္းမရွိေၾကာင္း သိရသည္။ ႐ုရွားေရနံမ်ားကို ဝယ္ယူေနသည့္ မည္သည့္ႏိုင္ငံမ်ိဳးကိုမဆို ၁၀၀ ရာခိုင္ႏႈန္းထိ အခြန္စည္းၾကပ္၍ အျပစ္ေပးမည္ျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္ က ၿပီးခဲ့သည့္ ဇူလိုင္လ ၁၄ ရက္တြင္ ေျပာၾကားထားသည္။
႐ုရွားေရနံမ်ား အိႏၵိယက ဆက္လက္ဝယ္ယူေနမႈ သတင္းႏွင့္ပတ္သက္၍ အိမ္ျဖဴေတာ္တာဝန္ရွိသူမ်ားက တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာၾကားထားျခင္းမရွိေၾကာင္း သိရသည္။
အိန္ဒိယက ရုရှားရေနံများကို ဆက်လက်ဝယ်ယူ
===================
အမေရိကန်သမ္မတဒေါ်နယ် ထရမ့် က သတိပေးထားသည့်တိုင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများကို ဆက်လက်ဝယ်ယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ရုရှားနိုင်ငံမှရေနံများ ဝယ်ယူနေသည့်အတွက် အိန္ဒိယနိုင်ငံကို အရေးယူမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့တဲ့လအတွင်းက ကြေညာထားသည်။
သို့ရာတွင် လက်ရှိအချိန်ထိ သမ္မတ ဒေါ်နယ်ထရမ့် ၏ သတိပေးချက်ကြောင့် အိန္ဒိယနိုင်ငံ၏ မူဝါဒမှာ အပြောင်းအလဲမရှိသေးဘဲ ရုရှားမှ ရေနံများကို ဆက်လက်ဝယ်ယူ နေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောကြား ခဲ့သည်။
ထိုနည်းတူ ရုရှားရေနံများ ဝယ်ယူနေမှုကို ရပ်တန့်ရေးအတွက် အိန္ဒိယအစိုးရကလည်း ရေနံကုမ္ပဏီများကို ညွှန်ကြားထားခြင်းမရှိကြောင်း သိရသည်။ ရုရှားရေနံများကို ဝယ်ယူနေသည့် မည်သည့်နိုင်ငံမျိုးကိုမဆို ၁၀၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်၍ အပြစ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားထားသည်။
ရုရှားရေနံများ အိန္ဒိယက ဆက်လက်ဝယ်ယူနေမှု သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။