ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ႏိုင္ငံေရးပါတီမ်ားႏွင့္ေတြ႕ဆုံ
=======================
ဩဂုတ္ ၁၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးတို႔သည္ ၁-၈-၂၀၂၅ ရက္ေန႔ ေန႔လည္ ၁၃၃၀ နာရီအခ်ိန္တြင္ ရန္ကုန္႐ုံးခြဲ၌ ျပဳလုပ္ေသာ ႏိုင္ငံေရးပါတီမ်ားမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံပြဲသို႔ တက္ေရာက္ခဲ့ပါသည္။

ေတြ႕ဆုံပြဲတြင္ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရး၊ မဲဆႏၵရွင္မ်ား မဲေပးေရးႏွင့္ ေ႐ြးေကာက္ပြဲသည္ ျပည္သူအတြက္ အေရးႀကီးေၾကာင္း ကိစၥရပ္မ်ားအား အက်ယ္တဝံ့ေဆြးေႏြးခဲ့ၾကၿပီး ညေန ၁၅၃၀ နာရီအခ်ိန္တြင္ ေတြ႕ဆုံေဆြးေႏြးပြဲ ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားမွ ပါတီဥကၠ႒မ်ား၊ ဒုတိယဥကၠ႒မ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
=======================
ဩဂုတ် ၁၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးတို့သည် ၁-၈-၂၀၂၅ ရက်နေ့ နေ့လည် ၁၃၃၀ နာရီအချိန်တွင် ရန်ကုန်ရုံးခွဲ၌ ပြုလုပ်သော နိုင်ငံရေးပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်များ မဲပေးရေးနှင့် ရွေးကောက်ပွဲသည် ပြည်သူအတွက် အရေးကြီးကြောင်း ကိစ္စရပ်များအား အကျယ်တဝံ့ဆွေးနွေးခဲ့ကြပြီး ညနေ ၁၅၃၀ နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးပွဲ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ နိုင်ငံရေးပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။