၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ အမွတ္စာရင္းမ်ားအား စတင္ထုတ္ေပးေန
၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ အမွတ္စာရင္းမ်ားအား စတင္ထုတ္ေပးေန
ဇူလိုင္ (၂၇) ရက္တြင္ ထုတ္ျပန္ခဲ့သည့္ ၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ၏ အမွတ္စာရင္းမ်ားအား စတင္ထုတ္ေပးေနၿပီျဖစ္ေၾကာင္း ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနထံမွ သိရသည္။
အဆိုပါ အမွတ္စာရင္းမ်ားကို ဇူလိုင္ (၃၀) ရက္ကစတင္ထုတ္ေပးေနၿပီး ရန္ကုန္ၿမိဳ႕ရွိ ျမန္မာနိုင္ငံ စာစစ္ဦးစီးဌာန၌ နံနက္ (၉) နာရီခြဲမွ ညေန (၄) နာရီခြဲအထိ ႐ုံးဖြင့္ရက္မ်ားတြင္ ထုတ္ေပးေနၿပီး ေအာင္ျမင္သူမ်ား၏ အမွတ္စာရင္းႏွင့္ က်ရႈံးသူမ်ား အမွတ္စာရင္းပါ ထုတ္ေပးေနေၾကာင္းသိရသည္။
၂၀၂၅ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို ဝင္ေရာက္ေျဖဆိုသူ (၂၀၇,၈၉၈) ဦးရွိၿပီး (၉၉,၉၂၄)ဦး ေအာင္ျမင္ခဲ့ကာ ေအာင္ခ်က္ရာခိုင္ႏႈန္း (၄၈ ဒသမ ၀၆) ရာခိုင္ႏႈန္းရွိေၾကာင္းသိရသည္။
၂၀၂၅ တကၠသိုလ္ဝင္တန္း စာေမးပြဲေအာင္စာရင္းအရေအာင္ခ်က္ (၅၇ ဒသမ ၁၆) ရာခိုင္ႏႈန္းျဖင့္ မြန္ျပည္နယ္ကအမ်ားဆုံးျဖစ္ၿပီး (၅၁ ဒသမ ၆၉) ရာခိုင္ႏႈန္းျဖင့္ ရန္ကုန္က ဒုတိယ အမ်ားဆုံးျဖစ္ေၾကာင္း သိရသည္။
======+++++======
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများအား စတင်ထုတ်ပေးနေ
ဇူလိုင် (၂၇) ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အမှတ်စာရင်းများအား စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ အမှတ်စာရင်းများကို ဇူလိုင် (၃၀) ရက်ကစတင်ထုတ်ပေးနေပြီး ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ နံနက် (၉) နာရီခွဲမှ ညနေ (၄) နာရီခွဲအထိ ရုံးဖွင့်ရက်များတွင် ထုတ်ပေးနေပြီး အောင်မြင်သူများ၏ အမှတ်စာရင်းနှင့် ကျရှုံးသူများ အမှတ်စာရင်းပါ ထုတ်ပေးနေကြောင်းသိရသည်။
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၂၀၇,၈၉၈) ဦးရှိပြီး (၉၉,၉၂၄)ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း (၄၈ ဒသမ ၀၆) ရာခိုင်နှုန်းရှိကြောင်းသိရသည်။
၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းအရအောင်ချက် (၅၇ ဒသမ ၁၆) ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်ကအများဆုံးဖြစ်ပြီး (၅၁ ဒသမ ၆၉) ရာခိုင်နှုန်းဖြင့် ရန်ကုန်က ဒုတိယ အများဆုံးဖြစ်ကြောင်း သိရသည်။