ဒြန္နာရမ္မာကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္း ေဆြးႏြေးေန

ဒြန္နာရမ္မာကို ေခၚယူဖို႔ မန္ခ်က္စတာယူနိုက္တက္အသင္း ေဆြးႏြေးေန

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ PSG ဂိုးသမား ဒြန္နာရမ္မာကို ေခၚယူဖို႔ ေဆြးႏြေးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

အသက္ (၂၆) ႏွစ္အ႐ြယ္ အီတလီလက္ေ႐ြးစင္ဂိုးသမား ဒြန္နာရမ္မာဟာ PSG အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ရွိေတာ့ၿပီး အခုႏြေမွာ အသင္းေျပာင္းေ႐ႊ႕ဖြယ္ရွိေနတယ္လို႔ သတင္းထြက္ေနတာပါ။

PSG အသင္းဟာ ဘာေပကို ေျပာင္းေ႐ႊ႕ေၾကးအလြတ္နဲ႕ ရီးယဲလ္မက္ဒရစ္အသင္းဆီကို လက္လႊတ္လိုက္ရတဲ့ ျဖစ္ရပ္မ်ိဳးကို ေရွာင္ရွားနိုင္ဖို႔အတြက္ အခုႏြေမွာ ဒြန္နာရမ္မာကို ေရာင္းထုတ္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဒြန္နာရမ္မာကို ေခၚယူဖို႔အတြက္ လက္ရွိမွာ PSG အသင္းနဲ႕ ေဆြးႏြေးေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႕ အသင္းဂိုးသမား အိုနာနာရဲ႕ ေနရာမွာ အစားထိုးဖို႔ ထိပ္တန္းဂိုးသမားတစ္ဦး ရွာေဖြေနၿပီး အက္စတြန္ဗီလာဂိုးသမား မာတီနက္ဇ္ကို ေခၚယူဖို႔ ႀကိဳးစားမႈအဆင္မေျပျဖစ္ၿပီးေနာက္ ဒြန္နာရမ္မာကို ေခၚယူဖို႔ ႀကိဳးပမ္းလာတာလည္း ျဖစ္ပါတယ္။

Photos: Getty Image

=======+++++=====

ဒွန်နာရမ်မာကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်း ဆွေးနွေးနေ

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ PSG ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

အသက် (၂၆) နှစ်အရွယ် အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး အခုနွေမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းထွက်နေတာပါ။

 

PSG အသင်းဟာ ဘာပေကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို လက်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ဖို့အတွက် အခုနွေမှာ ဒွန်နာရမ်မာကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

The Telegraph ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒွန်နာရမ်မာကို ခေါ်ယူဖို့အတွက် လက်ရှိမှာ PSG အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသင်းဂိုးသမား အိုနာနာရဲ့ နေရာမှာ အစားထိုးဖို့ ထိပ်တန်းဂိုးသမားတစ်ဦး ရှာဖွေနေပြီး အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားမှုအဆင်မပြေဖြစ်ပြီးနောက် ဒွန်နာရမ်မာကို ခေါ်ယူဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။

 

Photos: Getty Images