=========================
ပဲခူး
======++++=====
ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း ပဲခူးမြို့နယ် ဥဿ ၈/၉ ရပ်ကွက်ရှိ ပြည်သူများနှင့်တွေ့ဆုံ
=========================
ပဲခူး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ ပဲခူးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းခန့်ကျော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ နှင့်အတူ ဇူလိုင်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ပဲခူးမြို့နယ် ဥဿာရပ်ကွက် ၈/၉ ရှိ ပါတီဝင်များ ဝန်းရံ အားပေးထောက်ခံသူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ တိုင်းပါတီဥက္ကဋ္ဌဦးရဲမြင့်ထွန်း နှင့်ပါတီတာဝန်ရှိသူများမှ ပါတီ၏လုပ်ငန်းစဥ်များ ၊ မူဝါဒ ၊ ရည်မှန်းချက် ၊ ပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ နိုင်ငံတော်၏ ပကတိအခြေအနေများ ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ ၊ စည်းရုံးရေးဆိုင်ရာများအား အသီးသီးချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့၏ အမြင် သဘောထားများ ၊ လိုလားချက်များအား ဆွေးနွေးတင်ပြခဲ့ကြပြီး ပါတီတာဝန်ရှိသူများမှ တက်ရောက်လာကြသော ပါတီဝင်များ ဝန်းရံ အားပေးထောက်ခံသူများအား လိုအပ်သည်များကို ကူညီထောက်ပံ့ခဲ့သည်။