(၃၈)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ က်င္းပ
(၃၈)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲ က်င္းပ
==========================
ထိုင္းႏိုင္ငံ Songkhla ၿမိဳ႕၌ ဇူလိုင္လ ၂၂ ရက္မွ ၂၇ ရက္ထိ က်င္းပသည့္ (၃၈)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ၏ ဆုခ်ီးျမႇင့္ပြဲကို ယမန္ေန႔လယ္ပိုင္းတြင္ က်င္းပေၾကာင္း သိရသည္။
ယင္းပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ျမန္မာအသင္းသည္ အမ်ိဳးသားသုံးေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသား ေလးေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသမီး သုံးေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသမီး ေလးေယာက္တြဲၿပိဳင္ပြဲ၊ အမ်ိဳးသမီး ကြင္းသြင္းျခင္း ခတ္ၿပိဳင္ပြဲႏွင့္ အမ်ိဳးသား+အမ်ိဳးသမီး ေလးေယာက္တြဲၿပိဳင္ပြဲ ၿပိဳင္ပြဲအမ်ိဳးအစားေျခာက္မ်ိဳး ပါဝင္ယွဥ္ၿပိဳင္ခဲ့ရာ ၿပိဳင္ပြဲမ်ားအၿပီး ၿပိဳင္ပြဲေလးမ်ိဳးမွေငြတံဆိပ္ႏွစ္ခုႏွင့္ ေၾကးတံဆိပ္ႏွစ္ခု ဆုတံဆိပ္ေလးခု ဆြတ္ခူးရရွိ ခဲ့ၾကသည္။
အဆိုပါၿပိဳင္ပြဲသို႔ မေလးရွား၊ ဗီယက္နမ္၊ လာအို၊ အိႏၵိယ၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ျမန္မာ၊ စင္ကာပူ၊ ဘ႐ူႏိုင္း၊ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာႏွင့္ အိမ္ရွင္ထိုင္းႏိုင္ငံမွ ပိုက္ေက်ာ္ျခင္း အားကစားသမားမ်ား ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကသည္။
ျမန္မာပိုက္ေက်ာ္ျခင္းအသင္းသည္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာလတြင္ ထိုင္းႏိုင္ငံ၌က်င္းပမည့္ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္သည့္ အေနျဖင့္ ယင္းၿပိဳင္ပြဲအား ဝင္ေရာက္ ယွဥ္ၿပိဳင္ျခင္း ျဖစ္ေၾကာင္းႏွင့္ ၂၀၂၄ ခုႏွစ္ကျပဳလုပ္ခဲ့သည့္ (၃၇)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလား ကမာၻ႔ခ်န္ပီယံရွစ္ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲတြင္ ေ႐ႊတံဆိပ္တစ္ခု၊ ေငြတံဆိပ္တစ္ခုႏွင့္ ေၾကးတံဆိပ္ႏွစ္ခု ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရသည္။
(၃၈)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
==========================
ထိုင်းနိုင်ငံ Songkhla မြို့၌ ဇူလိုင်လ ၂၂ ရက်မှ ၂၇ ရက်ထိ ကျင်းပသည့် (၃၈)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲကို ယမန်နေ့လယ်ပိုင်းတွင် ကျင်းပကြောင်း သိရသည်။
ယင်းပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး ကွင်းသွင်းခြင်း ခတ်ပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲ ပြိုင်ပွဲအမျိုးအစားခြောက်မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများအပြီး ပြိုင်ပွဲလေးမျိုးမှငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆုတံဆိပ်လေးခု ဆွတ်ခူးရရှိ ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အိမ်ရှင်ထိုင်းနိုင်ငံမှ ပိုက်ကျော်ခြင်း အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ယင်းပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်ကပြုလုပ်ခဲ့သည့် (၃၇)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။