ထိုင္းဖိုက္တာခြန္ခ်ာနမ္နဲ႔ ထိုးသတ္မယ့္ ျမန္မာလူငယ္ဖိုက္တာသန႔္ဇင္

ထိုင္းဖိုက္တာခြန္ခ်ာနမ္နဲ႔ ထိုးသတ္မယ့္ ျမန္မာလူငယ္ဖိုက္တာသန႔္ဇင္
====================
ဩဂုတ္ ၈ ရက္တြင္ ထိုင္းႏိုင္ငံ ဗန္ေကာက္ၿမိဳ႕၌ က်င္းပမည့္ ONE Friday Fights 119 မွာ ျမန္မာဖိုက္တာသန႔္ဇင္ကို ေခါင္ပြဲထိုးဖို႔ ONE Championship က ပြဲတည္ေပးလိုက္ပါၿပီ။ ဒီတစ္ႀကိမ္မွာ သန႔္ဇင္ ရင္ဆိုင္ရမယ့္ ၿပိဳင္ဘက္က ထိုင္းဖိုက္တာ ခြန္ခ်ာနမ္ျဖစ္ပါတယ္။

သန႔္ဇင္ႏွင့္ ထိုးသတ္မည့္ ခြန္ခ်ာနမ္သည္ ONE ႏွင့္ ေျခာက္ပြဲ ထိုးသတ္ရာတြင္ ႏွစ္ပြဲႏိုင္၊ ေလးပြဲ ရႈံးနိမ့္ထားပါတယ္။

ႏွစ္ပြဲဆက္ရႈံးထားတဲ့ သန႔္ဇင္ဟာ ဖိအားေတြေအာက္ကေန ႐ုန္းထြက္ဖို႔အတြက္ ဒီပြဲကို အႏိုင္ရေအာင္ ႀကိဳးစားရပါလိမ့္မယ္။


ထိုင်းဖိုက်တာခွန်ချာနမ်နဲ့ ထိုးသတ်မယ့် မြန်မာလူငယ်ဖိုက်တာသန့်ဇင်
====================
ဩဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပမည့် ONE Friday Fights 119 မှာ မြန်မာဖိုက်တာသန့်ဇင်ကို ခေါင်ပွဲထိုးဖို့ ONE Championship က ပွဲတည်ပေးလိုက်ပါပြီ။ ဒီတစ်ကြိမ်မှာ သန့်ဇင် ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ထိုင်းဖိုက်တာ ခွန်ချာနမ်ဖြစ်ပါတယ်။

သန့်ဇင်နှင့် ထိုးသတ်မည့် ခွန်ချာနမ်သည် ONE နှင့် ခြောက်ပွဲ ထိုးသတ်ရာတွင် နှစ်ပွဲနိုင်၊ လေးပွဲ ရှုံးနိမ့်ထားပါတယ်။

နှစ်ပွဲဆက်ရှုံးထားတဲ့ သန့်ဇင်ဟာ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့အတွက် ဒီပွဲကို အနိုင်ရအောင် ကြိုးစားရပါလိမ့်မယ်။