ေဆးလိပ္မေသာက္ဘဲ ဘာေၾကာင့္အဆုတ္ကင္ဆာျဖစ္ရသလဲ

ေဆးလိပ္မေသာက္ဘဲ ဘာေၾကာင့္အဆုတ္ကင္ဆာျဖစ္ရသလဲ
====================
အဆုတ္ကင္ဆာျဖစ္တဲ့သူတိုင္းကို ေဆးလိပ္ေသာက္တဲ့သူေတြလို႔ ေျပာလို႔မရေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ကမာၻေပၚက လူ (၂၀) ရာခိုင္ႏႈန္းဟာ တစ္ခါမွ ေဆးလိပ္မေသာက္ဖူးေပမဲ့လည္း အဆုတ္ကင္ဆာျဖစ္ေနတာေၾကာင့္ျဖစ္ပါတယ္။ ကုသလို႔မရေတာ့တဲ့အခ်ိန္က်မွ ေဆးလိပ္မေသာက္ဘဲ အဆုတ္ကင္ဆာျဖစ္ေၾကာင္းသိရတာပါ။ ဒါဆိုရင္ ေဆးလိပ္မေသာက္ဘဲနဲ႔ ဘာေၾကာင့္အဆုတ္ကင္ဆာျဖစ္ႏိုင္ရတာလဲက ေမးစရာျဖစ္လာပါတယ္။

ေဆးလိပ္ေသာက္ျခင္းက အဆုတ္ကင္ဆာျဖစ္ပြားရတဲ့ ပင္မအေၾကာင္းရင္းျဖစ္ေပမဲ့လည္း အေမရိကန္ကင္ဆာအဖြဲ႕အစည္းရဲ႕ေလ့လာမႈအရ အေမရိကန္ႏိုင္ငံက အဆုတ္ကင္ဆာေရာဂါရွင္ (၅) ေယာက္ထဲက (၁) ေယာက္ဟာ တစ္ခါမွ ေဆးလိပ္မေသာက္ဖူးသူျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ တစ္ဆင့္ခံ ေဆးလိပ္ေသာက္ျခင္း၊ ေရဒြန္ျဒပ္စင္နဲ႔ ေလထုညစ္ညမ္းမႈေတြေၾကာင့္ ေဆးလိပ္မေသာက္လည္း အဆုတ္ကင္ဆာျဖစ္ႏိုင္ပါတယ္။

တစ္ဆင့္ခံေဆးလိပ္ေသာက္ျခင္းမွာ အဆိပ္အေတာက္ဓာတုပစၥည္းရာခ်ီပါဝင္ေနၿပီး (၇၀) ေလာက္က ကင္ဆာျဖစ္ေစႏိုင္တာေတြပါ။ ေဆးလိပ္မေသာက္တတ္သူေတြအေနနဲ႔ အဆုတ္ကင္ဆာမျဖစ္ဖို႔ တစ္ဆင့္ခံ ေဆးလိပ္ေသာက္ျခင္းကိုေရွာင္ဖို႔က အေရးႀကီးဆုံးအခ်က္ ျဖစ္ပါတယ္။

ေနာက္ထပ္က ေရဒြန္ ျဒပ္စင္ပါ။ ေရဒြန္ကို မျမင္ရသလို အနံ႔ခံလို႔လည္းမရဘဲ ဒီျဒပ္စင္ကိုေတာ့ ဂိုေဒါင္ထဲေတြနဲ႔ ေျမေအာက္ခန္းလိုေနရာေတြမွာ ေတြ႕ရပါတယ္။

ေနာက္ဆုံးတစ္ခ်က္က ေလထုညစ္ညမ္းျခင္းပါ။ (၂၀၁၃) ခုႏွစ္က ထုတ္ျပန္ခ်က္အရ ေလထု ညစ္ညမ္းမႈဟာ ကင္ဆာေၾကာင့္ေသဆုံးမႈေတြကို ျဖစ္ေစတယ္လို႔ ေဖာ္ျပထားပါတယ္။ ၿမိဳ႕ျပလူေနမႈ ဘဝမွာ သြားလာလႈပ္ရွားေနရတာဆိုရင္ ေလထုညစ္ညမ္းမႈကို ေရွာင္လႊဲဖို႔ခက္ခဲမွာပါပဲ။ လူအမ်ားစုက ေဆးလိပ္ေသာက္တာေၾကာင့္အဆုတ္ကင္ဆာျဖစ္ရတာလို႔ထင္ၾကေပမဲ့ ေဆးလိပ္တစ္ခုတည္းကသာ အဆုတ္ကင္ဆာျဖစ္ေစႏိုင္တာမဟုတ္လို႔ ဂ႐ုစိုက္ေနထိုင္ဖို႔ လိုအပ္ပါတယ္။

#Yoyarlay


ဆေးလိပ်မသောက်ဘဲ ဘာကြောင့်အဆုတ်ကင်ဆာဖြစ်ရသလဲ
====================
အဆုတ်ကင်ဆာဖြစ်တဲ့သူတိုင်းကို ဆေးလိပ်သောက်တဲ့သူတွေလို့ ပြောလို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ကမ္ဘာပေါ်က လူ (၂၀) ရာခိုင်နှုန်းဟာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးပေမဲ့လည်း အဆုတ်ကင်ဆာဖြစ်နေတာကြောင့်ဖြစ်ပါတယ်။ ကုသလို့မရတော့တဲ့အချိန်ကျမှ ဆေးလိပ်မသောက်ဘဲ အဆုတ်ကင်ဆာဖြစ်ကြောင်းသိရတာပါ။ ဒါဆိုရင် ဆေးလိပ်မသောက်ဘဲနဲ့ ဘာကြောင့်အဆုတ်ကင်ဆာဖြစ်နိုင်ရတာလဲက မေးစရာဖြစ်လာပါတယ်။

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာဖြစ်ပွားရတဲ့ ပင်မအကြောင်းရင်းဖြစ်ပေမဲ့လည်း အမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့လေ့လာမှုအရ အမေရိကန်နိုင်ငံက အဆုတ်ကင်ဆာရောဂါရှင် (၅) ယောက်ထဲက (၁) ယောက်ဟာ တစ်ခါမှ ဆေးလိပ်မသောက်ဖူးသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်း၊ ရေဒွန်ဒြပ်စင်နဲ့ လေထုညစ်ညမ်းမှုတွေကြောင့် ဆေးလိပ်မသောက်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်။

တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းမှာ အဆိပ်အတောက်ဓာတုပစ္စည်းရာချီပါဝင်နေပြီး (၇၀) လောက်က ကင်ဆာဖြစ်စေနိုင်တာတွေပါ။ ဆေးလိပ်မသောက်တတ်သူတွေအနေနဲ့ အဆုတ်ကင်ဆာမဖြစ်ဖို့ တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်းကိုရှောင်ဖို့က အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။

နောက်ထပ်က ရေဒွန် ဒြပ်စင်ပါ။ ရေဒွန်ကို မမြင်ရသလို အနံ့ခံလို့လည်းမရဘဲ ဒီဒြပ်စင်ကိုတော့ ဂိုဒေါင်ထဲတွေနဲ့ မြေအောက်ခန်းလိုနေရာတွေမှာ တွေ့ရပါတယ်။

နောက်ဆုံးတစ်ချက်က လေထုညစ်ညမ်းခြင်းပါ။ (၂၀၁၃) ခုနှစ်က ထုတ်ပြန်ချက်အရ လေထု ညစ်ညမ်းမှုဟာ ကင်ဆာကြောင့်သေဆုံးမှုတွေကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ မြို့ပြလူနေမှု ဘဝမှာ သွားလာလှုပ်ရှားနေရတာဆိုရင် လေထုညစ်ညမ်းမှုကို ရှောင်လွှဲဖို့ခက်ခဲမှာပါပဲ။ လူအများစုက ဆေးလိပ်သောက်တာကြောင့်အဆုတ်ကင်ဆာဖြစ်ရတာလို့ထင်ကြပေမဲ့ ဆေးလိပ်တစ်ခုတည်းကသာ အဆုတ်ကင်ဆာဖြစ်စေနိုင်တာမဟုတ်လို့ ဂရုစိုက်နေထိုင်ဖို့ လိုအပ်ပါတယ်။

#Yoyarlay