အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဘွန်မာတီ၊ အကောင်းဆုံးလူငယ်ဆုကို အက်ခ်ျယီမန်း ရရှိ
အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဘွန်မာတီ၊ အကောင်းဆုံးလူငယ်ဆုကို အက်ခ်ျယီမန်း ရရှိ
=======================
တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး အက်ခ်ျယီမန်းက ရရှိခဲ့ကြောင်း သိရပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ အက်ခ်ျယီမန်းကတော့ အသက်(၁၉)နှစ်အရွယ် အာဆင်နယ်ကစားသမားဖြစ်ပြီး ဒီပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ် စုစုပေါင်း(၁၃၈)မိနစ်သာ ကစားခဲ့ရပေမဲ့ အကောင်းဆုံးဆု ရယူနိုင်ခဲ့တာပါ။
အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဘွန်မာတီ၊ အကောင်းဆုံးလူငယ်ဆုကို အက်ချ်ယီမန်း ရရှိ
=======================
တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တဲ့ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး အက်ချ်ယီမန်းက ရရှိခဲ့ကြောင်း သိရပါတယ်။
ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ အင်္ဂလန်အသင်းက စပိန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပေမဲ့ အကောင်းဆုံးဆုကိုတော့ ပယ်နယ်တီမဝင်ခဲ့တဲ့ ဘွန်မာတီက ရရှိခဲ့တာပါ။
ဘာစီလိုနာကစားသမား ဘွန်မာတီဟာ Ballon d’Or ဆုကို ၂၀၂၃ နဲ့ ၂၀၂၄ (၂)နှစ်ဆက်တိုက်ရရှိထားသူဖြစ်ပြီး ပြိုင်ပွဲမတိုင်ခင် ဆေးရုံတက်ခဲ့ရတာကြောင့် ကြံ့ခိုင်မှုမပြည့်ဝခဲ့ဘူးလို့လည်း သိရပါတယ်။
အကောင်းဆုံးလူငယ်ကစားသမားဆုရခဲ့တဲ့ အက်ချ်ယီမန်းကတော့ အသက်(၁၉)နှစ်အရွယ် အာဆင်နယ်ကစားသမားဖြစ်ပြီး ဒီပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ် စုစုပေါင်း(၁၃၈)မိနစ်သာ ကစားခဲ့ရပေမဲ့ အကောင်းဆုံးဆု ရယူနိုင်ခဲ့တာပါ။
ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကိုတော့ စပိန်တိုက်စစ်မှူး အက်စ်သာဂွန်ဇာလက်ဇ်က သွင်းဂိုး(၄)ဂိုးနဲ့ ရရှိခဲ့ပါတယ်။ #Eleven