န်ဴကလီးယားဖ်က္သိမ္းေရးကို အျပည့္အဝေဖာ္ေဆာင္ႏိုင္ေရးအတြက္ အေမရိကန္က ေျမာက္ကိုရီးယားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အသင့္ရွိဟုဆို

န်ဴကလီးယားဖ်က္သိမ္းေရးကို အျပည့္အဝေဖာ္ေဆာင္ႏိုင္ေရးအတြက္ အေမရိကန္က ေျမာက္ကိုရီးယားႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္အသင့္ရွိဟုဆို
========================
ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယားဖ်က္သိမ္းေရးကို အျပည့္အဝေဖာ္ေဆာင္ႏိုင္ေရးအတြက္ အေမရိကန္ျပည္ေထာင္စုက ေျမာက္ကိုရီးယားအစိုးရႏွင့္ ပူးေပါင္း ေဆာင္႐ြက္ရန္အသင့္ရွိေၾကာင္း အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့သည္ဟု အေမရိကန္အစိုးရအဖြဲ႕မွ အရာရွိမ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ေတာင္ကိုရီးယားႏိုင္ငံမွ ယြန္ဟပ္သတင္းေအဂ်င္စီက ဇူလိုင္လ ၂၆ ရက္တြင္ ေဖာ္ျပသည္။

သမၼတ ထရမ့္ ဦးေဆာင္သည့္ အေမရိကန္အစိုးရသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယား ဖ်က္သိမ္းေရးႏွင့္စပ္လ်ဥ္း၍ ေခါင္းေဆာင္ ကင္ဂ်ဳံအန္ ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ား ျပန္လည္က်င္းပႏိုင္ရန္ ေမွ်ာ္လင့္လ်က္ရွိသည္။

ထရမ့္ ႏွင့္ ေခါင္းေဆာင္ ကင္ တို႔ႏွစ္ဦးသည္ ၂၀၁၈ ခုႏွစ္တြင္ တစ္ႀကိမ္၊ ၂၀၁၉ ခုႏွစ္တြင္ တစ္ႀကိမ္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီးျဖစ္သည္။ အေမရိကန္အစိုးရအေနျဖင့္ ေျမာက္ကိုရီးယားအစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးေရးကို ျပန္လည္စတင္ရန္အတြက္ ေခါင္းေဆာင္ကင္ ႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားကို လုပ္ေဆာင္ႏိုင္ဖြယ္ရွိသည္ဟု ထရမ့္ က ယခုႏွစ္ မတ္လအတြင္းကလည္း ေျပာၾကားထားသည္။

ယင္းေနာက္ပိုင္းတြင္ အေမရိကန္အစိုးရသည္ ေျမာက္ကိုရီးယားႏွင့္ ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ အတြက္ အသုံးျပဳႏိုင္သည့္ နည္းလမ္းမ်ားကို ရွာေဖြလာခဲ့ေၾကာင္း Axios သတင္းဌာနက ေဖာ္ျပခဲ့ေၾကာင္း သိရသည္။


နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်က မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိဟုဆို
========================
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖျက်သိမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်အသင့်ရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်ဟု အမေရိကန်အစိုးရအဖွဲ့မှ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယားနိုင်ငံမှ ယွန်ဟပ်သတင်းအေဂျင်စီက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။

သမ္မတ ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား ဖျက်သိမ်းရေးနှင့်စပ်လျဉ်း၍ ခေါင်းဆောင် ကင်ဂျုံအန် နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြန်လည်ကျင်းပနိုင်ရန် မျှော်လင့်လျက်ရှိသည်။

ထရမ့် နှင့် ခေါင်းဆောင် ကင် တို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို ပြန်လည်စတင်ရန်အတွက် ခေါင်းဆောင်ကင် နှင့် ထိတွေ့ဆက်ဆံမှုများကို လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ထရမ့် က ယခုနှစ် မတ်လအတွင်းကလည်း ပြောကြားထားသည်။

ယင်းနောက်ပိုင်းတွင် အမေရိကန်အစိုးရသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အတွက် အသုံးပြုနိုင်သည့် နည်းလမ်းများကို ရှာဖွေလာခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြခဲ့ကြောင်း သိရသည်။