၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္း ထုတ္ျပန္ေၾကညာ ေအာင္ခ်က္ရာခိုင္ႏႈန္း ၄၈ ဒသမ ၀၆ ရာခိုင္ႏႈန္းရွိ

၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္း ထုတ္ျပန္ေၾကညာ ေအာင္ခ်က္ရာခိုင္ႏႈန္း ၄၈ ဒသမ ၀၆ ရာခိုင္ႏႈန္းရွိ
===========================
၂၀၂၅ ခုႏွစ္ မတ္လတြင္က်င္းပခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲႏွင့္ မႏၲေလးငလ်င္ႀကီး ေဘးဒဏ္ခံခဲ့ရသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြက္ ျပန္လည္ေျဖဆိုေသာ ၂၀၂၅ ခုႏွစ္ ဇြန္လတြင္က်င္းပခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားကို ယေန႔နံနက္ပိုင္းတြင္ တစ္ျပည္လုံးအတြက္ တစ္ၿပိဳင္တည္းအၿပီး ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

အဆိုပါ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန website ျဖစ္ေသာ www. myanmarexam.org တြင္လည္း ဝင္ေရာက္ၾကည့္ရႈႏိုင္သလို လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားရွိ စာစစ္ဌာနမ်ား၏ ေအာင္စာရင္းမ်ားကိုလည္း ျမန္မာ့အသံ(ေရဒီယို)၊ တိုင္းရင္းသားအစီအစဥ္ မ်ားမွ ထုတ္လႊင့္ေၾကညာေပးလ်က္ရွိပါတယ္။

၂၀၂၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ စာေမးပြဲေျဖဆိုသူ ၂၀၇၈၉၈ ဦး၊ ေအာင္ျမင္သူ ၉၉၉၂၄ ဦးရွိၿပီးႏွင့္ ေအာင္ခ်က္ရာခိုင္ႏႈန္း ၄၈.၀၆ ရာခိုင္ႏႈန္းရွိေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအလိုက္ ေအာင္ခ်က္ရာခိုင္ႏႈန္းအရ ရန္ကုန္တိုင္းေဒသႀကီးမွ ဝင္ေရာက္ေျဖဆိုသူ ၃၇၄၆၇ ဦး၊ ေအာင္ျမင္သူ ၁၉၃၆၆ ဦးျဖင့္ ေအာင္ခ်က္ ရာခိုင္ႏႈန္း ၅၁.၆၉ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။


၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိ
===========================
၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website ဖြစ်သော www. myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်သလို လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ် များမှ ထုတ်လွှင့်ကြေညာပေးလျက်ရှိပါတယ်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စာမေးပွဲဖြေဆိုသူ ၂၀၇၈၉၈ ဦး၊ အောင်မြင်သူ ၉၉၉၂၄ ဦးရှိပြီးနှင့် အောင်ချက်ရာခိုင်နှုန်း ၄၈.၀၆ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းအရ ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၃၇၄၆၇ ဦး၊ အောင်မြင်သူ ၁၉၃၆၆ ဦးဖြင့် အောင်ချက် ရာခိုင်နှုန်း ၅၁.၆၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။