မိုးတြင္းကာလမွာ မႈိေရာဂါေတြကို ဂ႐ုစိုက္ၾကမယ္

မိုးတြင္းကာလမွာ မႈိေရာဂါေတြကို ဂ႐ုစိုက္ၾကမယ္
===========================
ေပြး၊ ဝဲ၊ ညႇင္းစတဲ့ မႈိေရာဂါေတြက မိုးတြင္းကာလမွာ အျဖစ္မ်ားဆုံးအရာပါပဲ။ အေရျပားမွာျဖစ္တတ္တဲ့ အဲဒီေရာဂါေတြမျဖစ္ေအာင္ အေရျပားကို ေသခ်ာဂ႐ုစိုက္ေပးဖို႔က အေရးႀကီးပါတယ္။ မိုးရာသီက စိုစြတ္တဲ့ရာသီဉတုျဖစ္တဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ေသခ်ာဂ႐ုမစိုက္ရင္ အေရျပားျပႆနာေတြႀကဳံေတြ႕ရႏိုင္ပါတယ္။ သင့္အသားေရကို အခ်ိန္အၾကာႀကီး ေရစိုေအာင္မထားပါနဲ႔။ ေရေႏြးေႏြးေလးနဲ႔ ေရခ်ိဳးၿပီး မႈိေရာဂါေပ်ာက္ေစတဲ့ခရင္မ္လိမ္းေပးတာကလည္း မႈိေရာဂါေတြကို ခုခံတဲ့အခါ ထိေရာက္မႈရွိပါတယ္။

မိုးရာသီမွာ လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ရတဲ့ျပႆနာက ေျခေထာက္ယားယံၿပီး ေပြး၊ ဝဲ ေတြေပါက္တာျဖစ္ပါတယ္။ စိုစြတ္တဲ့အေျခအေနက မႈိနဲ႔ဘတ္တီးရီးယားေတြ ေပါက္ဖြားႀကီးျပင္းလာေစတဲ့အတြက္ မႈိေရာဂါလို အေရျပားျပႆနာေတြျဖစ္လာရတာပါ။ ဒါေၾကာင့္ သင့္အေရျပားမွာ မႈိေရာဂါေတြမျဖစ္ဖို႔နဲ႔ ကာကြယ္ႏိုင္ဖို႔ ေအာက္မွာ နည္းလမ္းတခ်ိဳ႕ကို ေဖာ္ျပေပးထားပါတယ္။

{ မႈိေရာဂါလို အေရျပားျပႆနာကို ကာကြယ္ႏိုင္မယ့္ နည္းလမ္းတခ်ိဳ႕ }

– အေရျပားနဲ႔ အရမ္းမထိကပ္မေနေစမယ့္ ေခ်ာင္ခ်ိၿပီး ေပါ့ပါးတဲ့အဝတ္အစားေတြကို ဝတ္ဆင္ပါ။

– သန႔္ရွင္းၿပီး ေျခာက္ေသြ႕တဲ့အဝတ္အစားကို ဝတ္ဆင္ပါ။

– တစ္ကိုယ္ရည္သန႔္ရွင္းေရးအေလ့အထကို က်င့္သုံးပါ။ ေရပုံမွန္ခ်ိဳးပါ၊ လက္ေဆးပါ၊ လက္သည္းညႇပ္ပါ။

– မ်က္ႏွာသုတ္ပုဝါ၊ လက္သည္းညႇပ္စတဲ့ တစ္ကိုယ္ရည္သုံးပစၥည္းေတြကို တျခားသူေတြနဲ႔ အတူတူမသုံးပါနဲ႔။

– ဖိနပ္အၿမဲတမ္းစီးထားပါ။ သက္ေတာင့္သက္သာျဖစ္တဲ့ဖိနပ္ကို ဝတ္ဆင္ပါ။

– ယားယံတတ္ၿပီး ေခြၽးထြက္မ်ားတတ္ရင္ ခ်ိဳင္းေအာက္ကို အနံ႔အသက္ေပ်ာက္ေဆးသုံးပါ။

{ မိုးတြင္းကာလ အေရျပားျပႆနာအတြက္ ကုသနည္း }

– မႈိေရာဂါျဖစ္ေနတဲ့ ေနရာကို တစ္ခ်ိန္လုံး သန႔္ရွင္းေျခာက္ေသြ႕ေအာင္ထားပါ။

– ျဖစ္တဲ့ေနရာကို မႈိေရာဂါေပ်ာက္ေစတဲ့၊ ဘတ္တီးရီးယားတိုက္ဖ်က္ေပးတဲ့ ခရင္မ္ကို လိမ္းေပးပါ။

– မႈိေရာဂါျဖစ္ေနတဲ့ ေနရာတစ္ဝိုက္မွာ ေျခာက္ေသြ႕ေနဖို႔အတြက္ အနာက်က္ေစတဲ့ေပါင္ဒါမႈန႔္ကို လိမ္းေပးပါ။

– နာက်င္ယားယံတာေလ်ာ့သြားဖို႔အတြက္ ေရေအးကပ္ေပးပါ။

– ျဖစ္တဲ့ေနရာက အေရျပားမွာ ေလဝင္ေလထြက္ေကာင္းပါေစ။ တင္းက်ပ္တဲ့အဝတ္အစား၊ ပတ္တီးတို႔နဲ႔ အုပ္မထားပါနဲ႔။

Ref: How to prevent, treat bacterial and fungal infections during the rainy season

#Yoyarlay


မိုးတွင်းကာလမှာ မှိုရောဂါတွေကို ဂရုစိုက်ကြမယ်
===========================
ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုရောဂါတွေက မိုးတွင်းကာလမှာ အဖြစ်များဆုံးအရာပါပဲ။ အရေပြားမှာဖြစ်တတ်တဲ့ အဲဒီရောဂါတွေမဖြစ်အောင် အရေပြားကို သေချာဂရုစိုက်ပေးဖို့က အရေးကြီးပါတယ်။ မိုးရာသီက စိုစွတ်တဲ့ရာသီဉတုဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သေချာဂရုမစိုက်ရင် အရေပြားပြဿနာတွေကြုံတွေ့ရနိုင်ပါတယ်။ သင့်အသားရေကို အချိန်အကြာကြီး ရေစိုအောင်မထားပါနဲ့။ ရေနွေးနွေးလေးနဲ့ ရေချိုးပြီး မှိုရောဂါပျောက်စေတဲ့ခရင်မ်လိမ်းပေးတာကလည်း မှိုရောဂါတွေကို ခုခံတဲ့အခါ ထိရောက်မှုရှိပါတယ်။

မိုးရာသီမှာ လူတော်တော်များများ ကြုံတွေ့ရတဲ့ပြဿနာက ခြေထောက်ယားယံပြီး ပွေး၊ ဝဲ တွေပေါက်တာဖြစ်ပါတယ်။ စိုစွတ်တဲ့အခြေအနေက မှိုနဲ့ဘတ်တီးရီးယားတွေ ပေါက်ဖွားကြီးပြင်းလာစေတဲ့အတွက် မှိုရောဂါလို အရေပြားပြဿနာတွေဖြစ်လာရတာပါ။ ဒါကြောင့် သင့်အရေပြားမှာ မှိုရောဂါတွေမဖြစ်ဖို့နဲ့ ကာကွယ်နိုင်ဖို့ အောက်မှာ နည်းလမ်းတချို့ကို ဖော်ပြပေးထားပါတယ်။

{ မှိုရောဂါလို အရေပြားပြဿနာကို ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ }

– အရေပြားနဲ့ အရမ်းမထိကပ်မနေစေမယ့် ချောင်ချိပြီး ပေါ့ပါးတဲ့အဝတ်အစားတွေကို ဝတ်ဆင်ပါ။

– သန့်ရှင်းပြီး ခြောက်သွေ့တဲ့အဝတ်အစားကို ဝတ်ဆင်ပါ။

– တစ်ကိုယ်ရည်သန့်ရှင်းရေးအလေ့အထကို ကျင့်သုံးပါ။ ရေပုံမှန်ချိုးပါ၊ လက်ဆေးပါ၊ လက်သည်းညှပ်ပါ။

– မျက်နှာသုတ်ပုဝါ၊ လက်သည်းညှပ်စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို တခြားသူတွေနဲ့ အတူတူမသုံးပါနဲ့။

– ဖိနပ်အမြဲတမ်းစီးထားပါ။ သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်ကို ဝတ်ဆင်ပါ။

– ယားယံတတ်ပြီး ချွေးထွက်များတတ်ရင် ချိုင်းအောက်ကို အနံ့အသက်ပျောက်ဆေးသုံးပါ။

{ မိုးတွင်းကာလ အရေပြားပြဿနာအတွက် ကုသနည်း }

– မှိုရောဂါဖြစ်နေတဲ့ နေရာကို တစ်ချိန်လုံး သန့်ရှင်းခြောက်သွေ့အောင်ထားပါ။

– ဖြစ်တဲ့နေရာကို မှိုရောဂါပျောက်စေတဲ့၊ ဘတ်တီးရီးယားတိုက်ဖျက်ပေးတဲ့ ခရင်မ်ကို လိမ်းပေးပါ။

– မှိုရောဂါဖြစ်နေတဲ့ နေရာတစ်ဝိုက်မှာ ခြောက်သွေ့နေဖို့အတွက် အနာကျက်စေတဲ့ပေါင်ဒါမှုန့်ကို လိမ်းပေးပါ။

– နာကျင်ယားယံတာလျော့သွားဖို့အတွက် ရေအေးကပ်ပေးပါ။

– ဖြစ်တဲ့နေရာက အရေပြားမှာ လေဝင်လေထွက်ကောင်းပါစေ။ တင်းကျပ်တဲ့အဝတ်အစား၊ ပတ်တီးတို့နဲ့ အုပ်မထားပါနဲ့။

Ref: How to prevent, treat bacterial and fungal infections during the rainy season

#Yoyarlay