ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္မႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္တိုင္း၊ခ႐ိုင္၊ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားဝမ္းတြင္းၿမိဳ႕နယ္၊ေလွ်ာ္ပင္ေက်း႐ြာတြင္ ေဒသခံမ်ားႏွင့္ ေတြ႕ဆုံ

ျပည္ခိုင္ၿဖိဳးပါတီ၊ဗဟိုအလုပ္မႈေဆာင္ ေဒါက္တာေမာင္သင္းႏွင့္တိုင္း၊ခ႐ိုင္၊ၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ားဝမ္းတြင္းၿမိဳ႕နယ္၊ေလွ်ာ္ပင္ေက်း႐ြာတြင္ ေဒသခံမ်ားႏွင့္ ေတြ႕ဆုံ
=======================
ဝမ္းတြင္း ဇူလိုင္ ၂၂

မႏၲေလးတိုင္းေဒသႀကီး၊ဝမ္းတြင္းၿမိဳ႕နယ္၊ေလွ်ာ္ပင္ေက်း႐ြာတြင္ ေဒသခံမ်ားႏွင့္ေတြ႕ဆုံပြဲ ျပဳလုပ္ခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊မႏၲေလးတိုင္းပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးႏွင့္တိုင္းပါတီေကာ္ မတီဝင္ မ်ား၊မိတၳီလာခ႐ိုင္ပါတီဥကၠဌ၊ဝမ္းတြင္းၿမိဳ႕နယ္ပါတီဥကၠဌႏွင့္ေကာ္မတီဝင္မ်ားသည္ရပ္ေက်းပါတီဥကၠဌႏွင့္ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊ရပ္မိရပ္ဖမ်ား တက္ေရာက္ခဲ့ၾကပါသည္။

ေတြ႕ဆုံပြဲတြင္ ခ႐ိုင္ပါတီဥကၠဌ ဦးထြန္းထြန္းဦးမွ တက္ေရာက္လာသူမ်ားႏွင့္မိတ္ဆက္ေပးခဲ့ၿပီး ေတြ႕ဆုံပြဲျပဳလုပ္ရျခင္း ရည္ ႐ြယ္ခ်က္အား ရွင္းလင္းေျပာၾကားခဲ့ပါသည္။

၎ေနာက္ ပါတီဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္းက ေ႐ြးေကာက္ပြဲက်င္းပမည့္ အေျခအေနမ်ား၊ေ႐ြးေကာက္ပြဲၿပီး၍ ေ႐ြးေကာက္ခံအစိုးရတစ္ရပ္ ေပၚေပါက္လာပါက ျပည္သူလူထုအတြက္ ခံစားရမည့္ အက်ိဳးေက်း ဇူးမ်ား၊ျပည္ခိုင္ၿဖိဳးပါတီ၏ သမိုင္းေၾကာင္းအေျခအေနမ်ား၊၂၀၁၀-၂၀၁၅ ျပည္ခိုင္ၿဖိဳးအစိုးရလက္ထက္တြင္ ျပည္သူလူထုေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္ေပးခဲ့မႈ အေျခအေနမ်ား၊အား ရွင္းလင္းေျပာၾကားခဲ့ၿပီး ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလး တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးကေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးရမည့္ ပုံစံမ်ားႏွင့္အားသာခ်က္မ်ား၊ေ႐ြးေကာက္ပြဲတြင္ပါတီဝင္မ်ား၊မိသားစုမ်ား၊ပါတီဝန္းရံသူမ်ား မပ်က္မ ကြက္မဲေပးေရး စည္း႐ုံးေဆာင္႐ြက္ၾကရန္ ေဆြးေႏြးေျပာၾကားခဲ့ပါ သည္။

၎ေနာက္ တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ား ေမးျမန္းမႈအေပၚ ပါတီဗဟိုအလုပ္အမႈ ေဆာင္ ေဒါက္တာေမာင္သင္းႏွင့္ပါတီဗဟိုအလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးတို႔က ျပန္လည္ရွင္းလင္း ေျဖၾကားခဲ့ေၾကာင္း သိရွိရပါသည္။


ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်မှုဆောင် ဒေါက်တာမောင်သင်းနှင့်တိုင်း၊ခရိုင်၊မြို့နယ် ပါတီတာဝန်ရှိသူများဝမ်းတွင်းမြို့နယ်၊လျှော်ပင်ကျေးရွာတွင် ဒေသခံများနှင့် တွေ့ဆုံ
=======================
ဝမ်းတွင်း ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်၊လျှော်ပင်ကျေးရွာတွင် ဒေသခံများနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊မန္တလေးတိုင်းပါတီဥက္ကဌ ဦးအောင်ကျော်မိုးနှင့်တိုင်းပါတီကော် မတီဝင် များ၊မိတ္ထီလာခရိုင်ပါတီဥက္ကဌ၊ဝမ်းတွင်းမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီဝင်များသည်ရပ်ကျေးပါတီဥက္ကဌနှင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးမှ တက်ရောက်လာသူများနှင့်မိတ်ဆက်ပေးခဲ့ပြီး တွေ့ဆုံပွဲပြုလုပ်ရခြင်း ရည် ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက ရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊ရွေးကောက်ပွဲပြီး၍ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာပါက ပြည်သူလူထုအတွက် ခံစားရမည့် အကျိုးကျေး ဇူးများ၊ပြည်ခိုင်ဖြိုးပါတီ၏ သမိုင်းကြောင်းအခြေအနေများ၊၂၀၁၀-၂၀၁၅ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် ပြည်သူလူထုကောင်းကျိုးအတွက် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊အား ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေး တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးကရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမည့် ပုံစံများနှင့်အားသာချက်များ၊ရွေးကောက်ပွဲတွင်ပါတီဝင်များ၊မိသားစုများ၊ပါတီဝန်းရံသူများ မပျက်မ ကွက်မဲပေးရေး စည်းရုံးဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပါ သည်။

၎င်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟိုအလုပ်အမှု ဆောင် ဒေါက်တာမောင်သင်းနှင့်ပါတီဗဟိုအလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။