
========================
ဇူလိုင် ၂၁၊ မန္တလေး



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
========================
ဇူလိုင် ၂၁၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အတူ ၂၀-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးပါတီရုံးခန်းမ၌ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိရေး ဆောင်ရွက်ရန် ကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။