=====================
ပွဲစဉ်ကို ဇူလိုင်၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲစဉ်၌ တီမောအသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့နိုင်သော်လည်း ၄ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။
အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည့် မြန်မာယူ-၂၃ အသင်း
=====================
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။
ပြိုင်ဘက်ထိုင်းအသင်းအားခက်ခဲစွာယှဉ်ပြိုင်ကျော်ဖြတ်ရမည်ဖြစ်သည့်အပြင် မြန်မာအသင်းအနေဖြင့် လက်ရှိခြေစွမ်းအရ ခံစစ်အားနည်းချက်များရှိနေခြင်းကြောင့် ရလဒ်ကောင်းထွက်ပေါ်ရန် ကြိုးစားရမည်ဖြစ်ကာ၊ ယခုပွဲစဉ် သည် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲတစ်ပွဲလည်းဖြစ် သည်။
ပွဲစဉ်ကို ဇူလိူင်၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲစဉ်၌ တီမောအသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့နိုင်သော်လည်း ၄ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။
မြန်မာ ယူ၂၃ အသင်းအနေဖြင့် နိုင်ငံ တကာပြိုင်ပွဲနှစ်ခုဖြစ်သည့် ၂၀၂၅ ဆီးဂိမ်း နှင့် ယူ၂၃ အာရှဖလားခြေစစ်ပွဲတိုကို ဆက်လက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသေးသည်။
မြန်မာယူ- ၂၃ အသင်းအနေဖြင့် အုပ်စု (C)၌ ထိုင်း၊ တီမောအသင်းတိုနှင့်အတူ ကျရောက်နေခြင်းလည်းဖြစ်သည်။