
=====================
ပုသိမ် ဇူလိုင် ၁၈





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်း ဧရာဝတီတိုင်းဒေသကြီးတိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ
=====================
ပုသိမ် ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အစည်း အဝေးခန်းမ၌ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်(၈) ခရိုင်နှင့် မြို့နယ် (၂၆) မြို့နယ်မှပါတီဥက္ကဋ္ဌများတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် တိုင်းပါတီဥက္ကဋ္ဌမှ ပါတီလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား အသေးစိတ် ရှင်းလင်းဆွေး နွေးခဲ့ပြီး ဗဟိုအတွင်းရေးမှူးမှ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

တက်ရောက်လာသည့် ခရိုင်ဥက္ကဋ္ဌများနှင့် မြို့နယ်ဥက္ကဋ္ဌများ၏တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူးမှ ပြန်လည် ရှင်းလင်းခဲ့ပါသည်။