Amazon ႏွင့္ မန္ယူအသင္းတို႔ မွတ္တမ္းဗီဒီယို႐ိုက္ကူးရန္ေဆြးေႏြးမႈ မေအာင္ျမင္
Amazon ႏွင့္ မန္ယူအသင္းတို႔ မွတ္တမ္းဗီဒီယို႐ိုက္ကူးရန္ေဆြးေႏြးမႈ မေအာင္ျမင္
================================
Amazon ႏွင့္ မန္ယူအသင္းတို႔ၾကား မွတ္တမ္း ဗီဒီယို႐ိုက္ကူးရန္ လအတန္ၾကာ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေသာ္လည္း မေအာင္ျမင္ဘဲ ေဆြးေႏြးမႈ မ်ားကို ရပ္ဆိုင္းခဲ့ရေၾကာင္း သိရသည္။
Amazon ႏွင့္ မန္ယူအသင္းတို႔ၾကား မွတ္တမ္းဗီဒီယိုကို စတာလင္ေပါင္ ၁၀ သန္းျဖင့္ ႐ိုက္ကူးရန္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း နည္းျပ အမိုရင္က လက္ခံျခင္းမရွိသည့္အတြက္ ေဆြးေႏြးမႈမ်ားကို ရပ္ဆိုင္း ခဲ့ရျခင္းျဖစ္သည္။
Amazon က မန္ယူအသင္းႏွင့္ပတ္သက္သည့္ မွတ္တမ္းမ်ားအျဖစ္ မန္ယူအသင္း၏ကြင္းျပင္ပ လႈပ္ရွားမႈမ်ားကို မွတ္တမ္းဗီဒီယိုအျဖစ္႐ိုက္ကူးမည္ ျဖစ္ၿပီး ႐ိုက္ကူးမႈမ်ားတြင္ အသင္း၏ အဝတ္အစားလဲခန္းမွ အျဖစ္အပ်က္ မ်ား အပါအ၀င္ အေသးစိတ္ကို လွ်ိဳ႕ဝွက္ကင္မရာျဖင့္ မွတ္တမ္းဗီဒီယိုအျဖစ္ ႐ိုက္ကူးရန္ လအတန္ၾကာ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ေဆြးေႏြးမႈမ်ား ေအာင္ျမင္မည္ဆိုပါက မန္ယူအသင္းအေနျဖင့္ မွတ္တမ္း ဗီဒီယို ႐ိုက္ကူးမႈတြင္ စံခ်ိန္တင္အျဖစ္ စတာလင္ေပါင္ ၁၀ သန္း ရရွိမည္ျဖစ္ေသာ္လည္း နည္းျပအမိုရင္က ကန႔္ကြက္ခဲ့သည့္အတြက္ ေဆြးေႏြးမႈမ်ားကို ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။
နည္းျပအမိုရင္က အသင္းအဝတ္လဲခန္းမွ အျဖစ္ အပ်က္မ်ားႏွင့္ အသင္း၏ နည္းစနစ္ပိုင္းဆိုင္ရာ အစီအစဥ္မ်ားကို မွတ္တမ္းဗီဒီယို႐ိုက္ကူး ထုတ္လႊင့္ပါက ေပါက္ၾကားသြားမည္ ျဖစ္သည့္အျပင္ ကစားသမားမ်ား အတြက္လည္း အေႏွာင့္အယွက္မ်ား ျဖစ္လာႏိုင္ေသာေၾကာင့္ ကန္႔ကြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
Amazon နှင့် မန်ယူအသင်းတို့ မှတ်တမ်းဗီဒီယိုရိုက်ကူးရန်ဆွေးနွေးမှု မအောင်မြင်
================================
Amazon နှင့် မန်ယူအသင်းတို့ကြား မှတ်တမ်း ဗီဒီယိုရိုက်ကူးရန် လအတန်ကြာ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ဘဲ ဆွေးနွေးမှု များကို ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
Amazon နှင့် မန်ယူအသင်းတို့ကြား မှတ်တမ်းဗီဒီယိုကို စတာလင်ပေါင် ၁၀ သန်းဖြင့် ရိုက်ကူးရန် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သော်လည်း နည်းပြ အမိုရင်က လက်ခံခြင်းမရှိသည့်အတွက် ဆွေးနွေးမှုများကို ရပ်ဆိုင်း ခဲ့ရခြင်းဖြစ်သည်။
Amazon က မန်ယူအသင်းနှင့်ပတ်သက်သည့် မှတ်တမ်းများအဖြစ် မန်ယူအသင်း၏ကွင်းပြင်ပ လှုပ်ရှားမှုများကို မှတ်တမ်းဗီဒီယိုအဖြစ်ရိုက်ကူးမည် ဖြစ်ပြီး ရိုက်ကူးမှုများတွင် အသင်း၏ အဝတ်အစားလဲခန်းမှ အဖြစ်အပျက် များ အပါအ၀င် အသေးစိတ်ကို လျှို့ဝှက်ကင်မရာဖြင့် မှတ်တမ်းဗီဒီယိုအဖြစ် ရိုက်ကူးရန် လအတန်ကြာ ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ဆွေးနွေးမှုများ အောင်မြင်မည်ဆိုပါက မန်ယူအသင်းအနေဖြင့် မှတ်တမ်း ဗီဒီယို ရိုက်ကူးမှုတွင် စံချိန်တင်အဖြစ် စတာလင်ပေါင် ၁၀ သန်း ရရှိမည်ဖြစ်သော်လည်း နည်းပြအမိုရင်က ကန့်ကွက်ခဲ့သည့်အတွက် ဆွေးနွေးမှုများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
နည်းပြအမိုရင်က အသင်းအဝတ်လဲခန်းမှ အဖြစ် အပျက်များနှင့် အသင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ အစီအစဉ်များကို မှတ်တမ်းဗီဒီယိုရိုက်ကူး ထုတ်လွှင့်ပါက ပေါက်ကြားသွားမည် ဖြစ်သည့်အပြင် ကစားသမားများ အတွက်လည်း အနှောင့်အယှက်များ ဖြစ်လာနိုင်သောကြောင့် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။