ပြဲကစားခြင့္နည္းပါးလို႔ မန္စီးတီးအသင္းကေန ထြက္ခြာမယ့္ နီကိုဂြန္ဇာလတ္
ပြဲကစားခြင့္နည္းပါးလို႔ မန္စီးတီးအသင္းကေန ထြက္ခြာမယ့္ နီကိုဂြန္ဇာလတ္
============================
မန္စီးတီးအသင္း ကြင္းလယ္ကစားသမား နီကို ဂြန္ဇာလတ္က လာမည့္ေဘာလုံးရာသီ အသင္း၌ ပြဲကစားခြင့္ နည္းပါးလာႏိုင္သည့္ အေျခအေနမ်ား ေၾကာင့္ လက္ရွိအေျပာင္းအေ႐ႊ႕ ကာလတြင္ အသင္းမွ ျပန္လည္ ထြက္ခြာဖြယ္ ရွိေနေၾကာင္း သိရသည္။
အသက္ ၂၃ ႏွစ္အ႐ြယ္ နီကိုဂြန္ဇာလတ္သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလကစားသမား အေျပာင္းအေ႐ႊ႕ ကာလက ေပၚတိုအသင္းမွ မန္စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ေၾကးစတာလင္ေပါင္ သန္း ၅၀ ျဖင့္ ေျပာင္း ေ႐ႊ႕ကစား ခဲ့သူျဖစ္ၿပီး အသင္း၌ ရာသီဝက္သာ ကစားထားရေသာ္လည္း လာမည့္ေဘာလုံးရာသီတြင္ ပြဲကစားခြင့္ နည္းပါးလာႏိုင္သည့္ အေျခအေနမ်ားေၾကာင့္ အသင္းမွျပန္လည္ထြက္ခြာရန္ ျပင္ဆင္ ေနျခင္းျဖစ္သည္။
နည္းျပ ဂြါဒီယိုလာက နီကိုဂြန္ဇာလတ္ကို ယခု ေဘာလုံးရာသီတြင္ အသင္းကြင္းလယ္ပိုင္းမွ အဓိက ကစားသမား တစ္ဦးျဖစ္သည့္ ႐ိုဒရီ ဒူးအ႐ြတ္စုတ္ၿပဲ ဒဏ္ရာေၾကာင့္ တစ္ရာသီလုံး အနားယူရမည္ျဖစ္ သည့္အတြက္ ၎၏ေနရာ၌ အစားထိုးသည့္အေနျဖင့္ နီကိုဂြန္ဇာလတ္ကို ေခၚယူျခင္းျဖစ္ၿပီး လက္ရွိ တြင္ ႐ိုဒရီအေနျဖင့္ ဒဏ္ရာမွ ျပန္လည္သက္သာလာၿပီး လာမည့္ေဘာလုံးရာသီတြင္ ပါဝင္ကစားရန္ အသင့္ျဖစ္ေနသည့္အတြက္ နီကိုဂြန္ဇာလတ္ အေန ျဖင့္ ႐ိုဒရီေနာက္မွသာ ဒုတိယဦးစားေပး အျဖစ္ ပြဲ ကစားခြင့္မ်ား ရရွိဖြယ္ရွိေနျခင္းျဖစ္သည္။
နီကိုဂြန္ဇာလတ္သည္ ယခုေဘာလုံးရာသီတြင္ ၿပိဳင္ပြဲစုံ ၁၁ ပြဲကစားခဲ့ရေသာ္လည္း ပြဲအမ်ားစုကို လူစားဝင္ ကစားသမားအျဖစ္သာ ပါဝင္ကစားခဲ့ရၿပီး လက္ရွိ ဖီဖာကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္း မိနစ္ အနည္းငယ္သာ ပါဝင္ကစားခြင့္ရရွိေနသည့္ အတြက္ နီကိုဂြန္ဇာလတ္က လာမည့္ေဘာလုံးရာသီတြင္ နည္းျပဂြါဒီယိုလာ၏ ဦးစားေပးျခင္းခံရႏိုင္သည့္ အေျခအေနတြင္ မရွိသည့္အတြက္ အသင္းမွ ျပန္လည္ ထြက္ခြာရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာသည္ လက္ရွိ ဖီဖာကလပ္ကမာၻ႔ဖလား ၿပိဳင္ပြဲတြင္လည္း အသင္း ကြင္းလယ္ပိုင္း၌ နီကိုဂြန္ဇာလတ္ထက္ ေအစီမီလန္ အသင္းမွ အသစ္ေခၚယူထားသည့္ ႐ိုင္ဒါကိုသာ ဦးစားေပး ပြဲထြက္ကစားသမားအျဖစ္ အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။
ပွဲကစားခွင့်နည်းပါးလို့ မန်စီးတီးအသင်းကနေ ထွက်ခွာမယ့် နီကိုဂွန်ဇာလတ်
============================
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား နီကို ဂွန်ဇာလတ်က လာမည့်ဘောလုံးရာသီ အသင်း၌ ပွဲကစားခွင့် နည်းပါးလာနိုင်သည့် အခြေအနေများ ကြောင့် လက်ရှိအပြောင်းအရွှေ့ ကာလတွင် အသင်းမှ ပြန်လည် ထွက်ခွာဖွယ် ရှိနေကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ် နီကိုဂွန်ဇာလတ်သည် ပြီးခဲ့သည့် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ ကာလက ပေါ်တိုအသင်းမှ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ကြေးစတာလင်ပေါင် သန်း ၅၀ ဖြင့် ပြောင်း ရွှေ့ကစား ခဲ့သူဖြစ်ပြီး အသင်း၌ ရာသီဝက်သာ ကစားထားရသော်လည်း လာမည့်ဘောလုံးရာသီတွင် ပွဲကစားခွင့် နည်းပါးလာနိုင်သည့် အခြေအနေများကြောင့် အသင်းမှပြန်လည်ထွက်ခွာရန် ပြင်ဆင် နေခြင်းဖြစ်သည်။
နည်းပြ ဂွါဒီယိုလာက နီကိုဂွန်ဇာလတ်ကို ယခု ဘောလုံးရာသီတွင် အသင်းကွင်းလယ်ပိုင်းမှ အဓိက ကစားသမား တစ်ဦးဖြစ်သည့် ရိုဒရီ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရမည်ဖြစ် သည့်အတွက် ၎င်း၏နေရာ၌ အစားထိုးသည့်အနေဖြင့် နီကိုဂွန်ဇာလတ်ကို ခေါ်ယူခြင်းဖြစ်ပြီး လက်ရှိ တွင် ရိုဒရီအနေဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး လာမည့်ဘောလုံးရာသီတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေသည့်အတွက် နီကိုဂွန်ဇာလတ် အနေ ဖြင့် ရိုဒရီနောက်မှသာ ဒုတိယဦးစားပေး အဖြစ် ပွဲ ကစားခွင့်များ ရရှိဖွယ်ရှိနေခြင်းဖြစ်သည်။
နီကိုဂွန်ဇာလတ်သည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၁ ပွဲကစားခဲ့ရသော်လည်း ပွဲအများစုကို လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခဲ့ရပြီး လက်ရှိ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း မိနစ် အနည်းငယ်သာ ပါဝင်ကစားခွင့်ရရှိနေသည့် အတွက် နီကိုဂွန်ဇာလတ်က လာမည့်ဘောလုံးရာသီတွင် နည်းပြဂွါဒီယိုလာ၏ ဦးစားပေးခြင်းခံရနိုင်သည့် အခြေအနေတွင် မရှိသည့်အတွက် အသင်းမှ ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေခြင်းဖြစ်သည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် လက်ရှိ ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း အသင်း ကွင်းလယ်ပိုင်း၌ နီကိုဂွန်ဇာလတ်ထက် အေစီမီလန် အသင်းမှ အသစ်ခေါ်ယူထားသည့် ရိုင်ဒါကိုသာ ဦးစားပေး ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရသည်။