အျပည္ျပည္ဆိုင္ရာေလဆိပ္သစ္ဖြင့္လွစ္မယ့္ ကေမာၻဒီးယား

အျပည္ျပည္ဆိုင္ရာေလဆိပ္သစ္ဖြင့္လွစ္မယ့္ ကေမာၻဒီးယား
==================
ကေမာၻဒီးယားႏိုင္ငံ၏ ေလဆိပ္သစ္လည္ပတ္ပါက လက္ရွိဖႏြမ္းပင္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ စီမံခန္႔ခြဲႏိုင္ေသာခရီးသည္ထက္ေျခာက္ဆခန႔္ ခရီးသြားလာႏိုင္မည္ဟု ခန႔္မွန္းထားသည္။

Kandal ျပည္နယ္တြင္ တည္ရွိေသာ ကမာၻ႔အဆင့္မီ အဆင့္ေလဆိပ္ျဖစ္သည့္ Techo International Airport ကိုလာမည့္စက္တင္ဘာလ ၉ ရက္ေန႔တြင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတြင္းဝန္႐ုံး (SSCA) က ယမန္ေန႔တြင္ တရားဝင္ေၾကညာခဲ့သည္။

Techo အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ ကေမာၻဒီးယားႏိုင္ငံေလေၾကာင္းက႑ကို အားေကာင္းေစရန္ အစိုးရ၏ ေရရွည္မဟာဗ်ဴဟာတစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ေဒသတြင္း သယ္ယူပို႔ေဆာင္ေရးဗဟိုအခ်က္အခ်ာအျဖစ္ ထားရွိကာခရီးသြားလုပ္ငန္း၊ ကုန္သြယ္မႈႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို သိသိသာသာ ျမႇင့္တင္ႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။

ဟက္တာ ၂၆၀၀ က်ယ္ဝန္းေသာ ေလဆိပ္တြင္ Airbus A380-800 ႏွင့္ Boeing 747-800 အပါအဝင္ ကမာၻ႔အႀကီးဆုံး ေလယာဥ္မ်ားဆင္းသက္ႏိုင္မည္ျဖစ္သည္။

Techo အျပည္ျပည္ဆိုင္ရာေလဆိပ္သည္ ဖႏြမ္းပင္ၿမိဳ႕၏ေတာင္ဘက္ ကီလိုမီတာ ၂၀ ခန႔္အကြာတြင္တည္ရွိၿပီး ဖႏြမ္းပင္အျပည္ျပည္ဆိုင္ရာေလဆိပ္ေဟာင္းသည္ ၿမိဳ႕လယ္၏အေနာက္ဘက္ ၇ကီလိုမီတာအကြာတြင္တည္ရွိသည္။ ထို႔ေၾကာင့္ ေလဆိပ္ႏွစ္ခုၾကား အကြာအေဝးသည္ အၾကမ္းဖ်င္းအားျဖင့္ ၃၀ကီလိုမီတာျဖစ္သည္။


အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ဖွင့်လှစ်မယ့် ကမ္ဘောဒီးယား
==================
ကမ္ဘောဒီးယားနိုင်ငံ၏ လေဆိပ်သစ်လည်ပတ်ပါက လက်ရှိဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ စီမံခန့်ခွဲနိုင်သောခရီးသည်ထက်ခြောက်ဆခန့် ခရီးသွားလာနိုင်မည်ဟု ခန့်မှန်းထားသည်။

Kandal ပြည်နယ်တွင် တည်ရှိသော ကမ္ဘာ့အဆင့်မီ အဆင့်လေဆိပ်ဖြစ်သည့် Techo International Airport ကိုလာမည့်စက်တင်ဘာလ ၉ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတွင်းဝန်ရုံး (SSCA) က ယမန်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံလေကြောင်းကဏ္ဍကို အားကောင်းစေရန် အစိုးရ၏ ရေရှည်မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုအချက်အချာအဖြစ် ထားရှိကာခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားသည်။

ဟက်တာ ၂၆၀၀ ကျယ်ဝန်းသော လေဆိပ်တွင် Airbus A380-800 နှင့် Boeing 747-800 အပါအဝင် ကမ္ဘာ့အကြီးဆုံး လေယာဉ်များဆင်းသက်နိုင်မည်ဖြစ်သည်။

Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ဖနွမ်းပင်မြို့၏တောင်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင်တည်ရှိပြီး ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟောင်းသည် မြို့လယ်၏အနောက်ဘက် ၇ကီလိုမီတာအကွာတွင်တည်ရှိသည်။ ထို့ကြောင့် လေဆိပ်နှစ်ခုကြား အကွာအဝေးသည် အကြမ်းဖျင်းအားဖြင့် ၃၀ကီလိုမီတာဖြစ်သည်။