ရီးရဲလ္ကို ၄ ဂိုးျပတ္အႏိုင္ယူၿပီး ပီအက္စ္ဂ်ီအသင္း ဗိုလ္လုပြဲတက္
ရီးရဲလ္ကို ၄ ဂိုးျပတ္အႏိုင္ယူၿပီး ပီအက္စ္ဂ်ီအသင္း ဗိုလ္လုပြဲတက္
====================
ယေန႔နံနက္အေစာပိုင္းတြင္ ယွဥ္ၿပိဳင္ကစားသြားတဲ့ ကလပ္ကမာၻ႔ဖလား ဆီမီးဖိုင္နယ္မွာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းက ရီးရဲလ္မက္ဒရစ္ကို ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲ တက္သြားပါတယ္။
ပီအက္စ္ဂ်ီအသင္းဟာ ပြဲအစ ၆ မိနစ္၊ ၉ မိနစ္နဲ႔ ၂၄ မိနစ္မွာကတည္းက ကြင္းလယ္လူ ေဖဘီယန္႐ုဇ္၊ တိုက္စစ္မႉး ဒမ္ဘီလီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ပြဲၿပီးခါနီးမွာ တဂိုးထပ္သြင္းခဲ့လို႔ ၄ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တာပါ။
ပီအက္စ္ဂ်ီအသင္းဟာ ဥေရာပ ခ်န္ပီယံလိဂ္ခ်န္ပီယံအသင္းပီပီ အေကာင္းဆုံးကစားႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္မွာလည္း ဘိုင္ယန္ျမဴးနစ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
ကလပ္ကမာၻ႔ဖလားဗိုလ္လုပြဲကို ဇူလိုင္ ၁၄ ရက္မွာ က်င္းပမွာျဖစ္ၿပီး ပီအက္စ္ဂ်ီနဲ႔ ခ်ဲလ္ဆီးတို႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။
ရီးရဲလ်ကို ၄ ဂိုးပြတ်အနိုင်ယူပြီး ပီအက်စ်ဂျီအသင်း ဗိုလ်လုပွဲတက်
====================
ယနေ့နံနက်အစောပိုင်းတွင် ယှဉ်ပြိုင်ကစားသွားတဲ့ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ရီးရဲလ်မက်ဒရစ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပွဲအစ ၆ မိနစ်၊ ၉ မိနစ်နဲ့ ၂၄ မိနစ်မှာကတည်းက ကွင်းလယ်လူ ဖေဘီယန်ရုဇ်၊ တိုက်စစ်မှူး ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ တဂိုးထပ်သွင်းခဲ့လို့ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဥရောပ ချန်ပီယံလိဂ်ချန်ပီယံအသင်းပီပီ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။