=================================
ပျော်ဘွယ် ဇူလိုင် ၅
မြို့မိမြို့ဖများ၊ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းမြင့်၊ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ညွန့်နှင့်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်များ၊တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီးတွင် ငလျင်ဘေး ဒဏ်သင့်ပြည်သူများ၊ပါတီဝင်မိသားစုများအား ကူညီကယ်ဆယ် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ပါတီဌာနချုပ်မှ ဆောင်ရွက်ခဲ့မှုများ၊လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ပါတီဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသော အောင်နိုင်ရေးလုပ် ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများအနေဖြင့် ယခုအချိန်တွင် ဆောင် ရွက်ရမည့် အဓိကလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးပင်ဖြစ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီ ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အားလုံး မပျက်မကွက်မဲပေးရေး၊ပါတီဝင်များ၏ မိသားစုအားလုံး မဲပေးရေး၊ပါတီဝင်များ၏ မိတ်ဆွေများ၊ပါတီဝန်းရံသူများအားလုံး မဲပေးရေးသည် အဓိက အရေးအကြီးဆုံး လုပ်ငန်းစဉ်ဖြစ် ကြောင်း၊ပါတီ၏ မူဝါဒ၊သဘော ထားများနှင့်ပါတီ၏ ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ပြောပြစည်းရုံးကြရမည်ဖြစ် ကြောင်း၊နိုင်ကိုနိုင်ရမည်ဟူသော အောင်နိုင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ပါတီတွင်းစည်းလုံးညီညွတ်ရေးကိုလည်း ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးပျော်ဘွယ်မြို့နယ်ပါတီရုံး၌ မြို့မိမြို့ဖများ၊တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများ၊ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်များနှင့် တွေ့ဆုံ
=================================
ပျော်ဘွယ် ဇူလိုင် ၅
ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊
မြို့မိမြို့ဖများ၊ရမည်းသင်းခရိုင်ပါတီဥက္ကဋ္ဌဦးထွန်းမြင့်၊ပျော်ဘွယ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိူင်ညွန့်နှင့်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ပါတီဝင်များ၊တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက မန္တလေးငလျင်ကြီးလှုပ်ခတ်အပြီးတွင် ငလျင်ဘေး ဒဏ်သင့်ပြည်သူများ၊ပါတီဝင်မိသားစုများအား ကူညီကယ်ဆယ် ထောက်ပံ့ရေးနှင့်ပတ်သက်၍ ပါတီဌာနချုပ်မှ ဆောင်ရွက်ခဲ့မှုများ၊လာမည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင်နိူင်ရေးအတွက် ပါတီဌာနချုပ်မှ ဆောင်ရွက်လျက်ရှိသော အောင်နိူင်ရေးလုပ် ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများအနေဖြင့် ယခုအချိန်တွင် ဆောင် ရွက်ရမည့် အဓိကလုပ်ငန်းစဥ်မှာ ရွေးကောက်ပွဲအောင်နိူင်ရေးပင်ဖြစ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီ ရွေး ကောက်ပွဲအောင်နိူင်ရေးအတွက် ပါတီဝင်အားလုံး မပျက်မကွက်မဲပေးရေး၊ပါတီဝင်များ၏ မိသားစုအားလုံး မဲပေးရေး၊ပါတီဝင်များ၏ မိတ်ဆွေများ၊ပါတီဝန်းရံသူများအားလုံး မဲပေးရေးသည် အဓိက အရေးအကြီးဆုံး လုပ်ငန်းစဥ်ဖြစ် ကြောင်း၊ပါတီ၏ မူဝါဒ၊သဘော ထားများနှင့်ပါတီ၏ ဆောင်ရွက်ချက်များကို ပြည်သူများသိအောင် ပြောပြစည်းရုံးကြရမည်ဖြစ် ကြောင်း၊နိူင်ကိုနိူင်ရမည်ဟူသော အောင်နိူင်လိုစိတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ပါတီတွင်းစည်းလုံးညီညွတ်ရေးကိုလည်း ခိုင်မာအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တက်ရောက်လာသူများမှ ရပ်ရွာ အေးချမ်းတည်ငြိမ်ရေး လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခဲ့ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။