ဂျပန်နိုင်ငံအတွက် Windows 10 ဖုန်းတစ်မျိုးကို Lenovo နှင့် SoftBank မိတ်ဆက်

Lenovo သည် ဂျပန်နည်းပညာစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်သော SoftBank နှင့်ပူးပေါင်းကာ Windows 10 ဖုန်းတစ်မျိုးကို ဖြန့်ချိခဲ့သည်။

JP

SoftBank 503LV ဟုခေါ်သည့် အဆိုပါ စမတ်ဖုန်းကို ၅ လက်မ 720p display, 1.5GHz octa-core Qualcomm Snapdragon 617 processor, 32GB storage, 3GB RAM တို့ဖြင့် အသုံးပြုနိုင်သည်။ ကျောဘက်ကင်မရာက 8MP ဖြစ်ပြီး selfie ကင်မရာက 5MP ဖြစ်သည်။ MicroSD card မှတစ်ဆင့် သိုလှောင်မှုပမာဏ 128GB အထိ တိုးမြှင့်နိုင်သည်။ ဘက်ထရီက 2,250mAh ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ဖန်တီးထားသည့် 503LV စမတ်ဖုန်းကို ဂျပန်နိုင်ငံတွင် အောက်တိုဘာလ ကုန်ပိုင်း၌ ရောင်းချမည်ဖြစ်သည်။ သို့သော်လည်း စမတ်ဖုန်း၏တန်ဖိုးကို ကုမ္ပဏီမှ ကြေညာထားခြင်း မရှိသေးပေ။

Ref: TheVerge


Leave a Reply