အီလန္ဂါကိုေခၚရန္ နယူးကာဆယ္ သေဘာတူ
အီလန္ဂါကိုေခၚရန္ နယူးကာဆယ္ သေဘာတူ
————————
နယူးကာဆယ္အသင္းဟာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းရဲ႕ ဆြီဒင္ေတာင္ပံတိုက္စစ္မႉး အီလန္ဂါကို ေပါင္ ၅၅ သန္းနဲ႔ေခၚဖို႔ သေဘာတူညီမႈရသြားၿပီ ျဖစ္ပါတယ္။
သတင္းရင္းျမစ္ေတြရဲ႕ ေဖာ္ျပခ်က္အရ အခုတစ္ပတ္အတြင္း မွာပဲ အီလန္ဂါရဲ႕ နယူးကာဆယ္အေျပာင္းအေ႐ႊ႕က ၿပီးျပည့္စုံမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ေဘာလုံးရာသီ က ပရီးမီးယားလိဂ္မွာ အဆင့္ ၅ ေနရာရခဲ့တဲ့ နယူးကာဆယ္အသင္းဟာ အသင္း တိုက္စစ္ပိုင္းကို အားျဖည့္မႈ အျဖစ္ အီလန္ဂါကို ေခၚယူခဲ့တာျဖစ္ပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ အီလန္ဂါဟာ ၿပီးခဲ့တဲ့ရာသီက ေနာ္တင္ဟမ္ အသင္းအတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္ ျပဳလုပ္ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။
နယူး ကာဆယ္အသင္းဟာ အခုေႏြရာသီ ပထမဆုံးေခၚယူမႈအျဖစ္ စပိန္ေတာင္ပံကစားသမား ေကာ္ဒီ႐ိုကို မာလာဂါ အသင္းဆီကေန အလြတ္နဲ႔ေခၚယူခဲ့ၿပီးေနာက္ အီလန္ဂါက ဒုတိယေျမာက္ေခၚယူမႈျဖစ္လာမွာပါ။
ေနာ္တင္ဟမ္ အသင္းဟာ ၂၀၂၃ ခုႏွစ္က အီလန္ဂါကို မန္ယူအသင္းဆီကေန ေပါင္ ၁၅ သန္းနဲ႔ ေခၚယူ ထားခဲ့တာျဖစ္ၿပီး အီလန္ဂါက ေနာ္တင္ဟမ္အသင္းမွာ အခ်ိန္တိုအတြင္း ေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။
အီလန္ဂါဟာ နယူးကာဆယ္ ေတာင္ပံတိုက္စစ္မွာ ေနရာရဖို႔အတြက္ မာဖီ၊ ဟာေဗးဘန္းစ္၊ ေဂၚဒြန္တို႔နဲ႔ အၿပိဳင္ ႀကိဳးစားရ ေတာ့မွာျဖစ္ပါတယ္။
အီလန်ဂါကိုခေါ်ရန် နယူးကာဆယ် သဘောတူ
————————
နယူးကာဆယ်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ဆွီဒင်တောင်ပံတိုက်စစ်မှူး အီလန်ဂါကို ပေါင် ၅၅ သန်းနဲ့ခေါ်ဖို့ သဘောတူညီမှုရသွားပြီ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ အခုတစ်ပတ်အတွင်း မှာပဲ အီလန်ဂါရဲ့ နယူးကာဆယ်အပြောင်းအရွှေ့က ပြီးပြည့်စုံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ က ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာရခဲ့တဲ့ နယူးကာဆယ်အသင်းဟာ အသင်း တိုက်စစ်ပိုင်းကို အားဖြည့်မှု အဖြစ် အီလန်ဂါကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီက နော်တင်ဟမ် အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။
နယူး ကာဆယ်အသင်းဟာ အခုနွေရာသီ ပထမဆုံးခေါ်ယူမှုအဖြစ် စပိန်တောင်ပံကစားသမား ကော်ဒီရိုကို မာလာဂါ အသင်းဆီကနေ အလွတ်နဲ့ခေါ်ယူခဲ့ပြီးနောက် အီလန်ဂါက ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမှာပါ။
နော်တင်ဟမ် အသင်းဟာ ၂၀၂၃ ခုနှစ်က အီလန်ဂါကို မန်ယူအသင်းဆီကနေ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူ ထားခဲ့တာဖြစ်ပြီး အီလန်ဂါက နော်တင်ဟမ်အသင်းမှာ အချိန်တိုအတွင်း ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။
အီလန်ဂါဟာ နယူးကာဆယ် တောင်ပံတိုက်စစ်မှာ နေရာရဖို့အတွက် မာဖီ၊ ဟာဗေးဘန်းစ်၊ ဂေါ်ဒွန်တို့နဲ့ အပြိုင် ကြိုးစားရ တော့မှာဖြစ်ပါတယ်။