ဂ်ပန္ႏိုင္ငံသို႔သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားအား OWIC ျပဳလုပ္ခြင့္ျပဳ
ဂ်ပန္ႏိုင္ငံသို႔သြားေရာက္အလုပ္လုပ္ကိုင္မည့္သူမ်ားအား OWIC ျပဳလုပ္ခြင့္ျပဳ
=======================
အလုပ္သမားဝန္ႀကီးဌာန၊ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနမွ ဂ်ပန္ႏိုင္ငံသို႔သြားေရာက္ အလုပ္လုပ္ ကိုင္မည့္ ျမန္မာႏိုင္ငံသူ ၆ ဦးအား OWIC ျပဳလုပ္ခြင့္ျပဳေၾကာင္း အသိေပးခဲ့ပါတယ္။
ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီမ်ားျဖစ္တဲ့ Myanmar Unity Co.,Ltd ႏွင့္ Myanmar United SK Co.,Ltd တို႔မွတစ္ဆင့္ ဂ်ပန္ႏိုင္ငံရွိ ကုမၸဏီ ၂ ခုမွာ အလုပ္လုပ္ကိုင္မည့္ ျမန္မာအမ်ိဳးသမီး ၆ ဦးကို ဇူလိုင္လ ၇ ရက္မွာ စတင္တက္ေရာက္ရမည့္ ျပည္ပအလုပ္အကိုင္လမ္းၫႊန္သင္တန္းတက္ေရာက္ခြင့္ႏွင့္ ျပည္ပအလုပ္ အကိုင္ အလုပ္သမားသက္ေသခံကတ္(OWIC)ျပဳလုပ္ခြင့္ျပဳခဲ့ျခင္းျဖစ္ပါတယ္။
OWIC ရရွိၿပီးသည့္အလုပ္သမားမ်ားအတြက္ ေစလႊတ္ခြင့္ကို ထြက္ခြာလိုတဲ့ ရက္သတၱတစ္ပတ္အတြင္း ေဖာ္ျပ၍ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၊ dolmigrationjapan@gmail.com သို႔ ျပန္လည္တင္ျပရမွာ ျဖစ္ေၾကာင္း အသိေပးေၾကညာထားပါတယ္။
ဂျပန်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအား OWIC ပြုလုပ်ခွင့်ပြု
=======================
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ် ကိုင်မည့် မြန်မာနိုင်ငံသူ ၆ ဦးအား OWIC ပြုလုပ်ခွင့်ပြုကြောင်း အသိပေးခဲ့ပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများဖြစ်တဲ့ Myanmar Unity Co.,Ltd နှင့် Myanmar United SK Co.,Ltd တို့မှတစ်ဆင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၂ ခုမှာ အလုပ်လုပ်ကိုင်မည့် မြန်မာအမျိုးသမီး ၆ ဦးကို ဇူလိုင်လ ၇ ရက်မှာ စတင်တက်ရောက်ရမည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ် အကိုင် အလုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။
OWIC ရရှိပြီးသည့်အလုပ်သမားများအတွက် စေလွှတ်ခွင့်ကို ထွက်ခွာလိုတဲ့ ရက်သတ္တတစ်ပတ်အတွင်း ဖော်ပြ၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ dolmigrationjapan@gmail.com သို့ ပြန်လည်တင်ပြရမှာ ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။