ငလ်င္ဒဏ္သင့္ေနအိမ္မ်ား ျပန္လည္တည္ေဆာက္ရန္ ဘိလပ္ေျမအိတ္မ်ား ေထာက္ပံ့ေပးသြားမည္

ငလ်င္ဒဏ္သင့္ေနအိမ္မ်ား ျပန္လည္တည္ေဆာက္ရန္ ဘိလပ္ေျမအိတ္မ်ား ေထာက္ပံ့ေပးသြားမည္
=====================
ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့တဲ့ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၈ ခုရွိ ၿမိဳ႕နယ္ ၅၄ ခုမွာရွိတဲ့ ျပည္သူမ်ား၏ေနအိမ္မ်ား ျပန္လည္ျပဳျပင္ရန္ အတြက္ အမ်ိဳးသားသဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီရန္ပုံေငြျဖင့္ ဘိလပ္ေျမအိတ္ ၅ ဒသမ ၃၄၄ သန္း ေထာက္ပံ့ေပးအပ္ သြားမည္ျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ က စက္မႈဝန္ႀကီးဌာန ႐ုံးအမွတ္ (၃၀) အစည္းအေဝးခန္းမတြင္ က်င္းပခဲ့တဲ့ ျမန္မာႏိုင္ငံ ဘိလပ္ေျမထုတ္လုပ္သူမ်ား အသင္းအဖြဲ႕ (၃/၂၀၂၅) ညႇိႏႈိင္းအစည္းအေဝးမွာ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

အဆိုပါအစည္းအေဝးမွာ ျမန္မာႏိုင္ငံဘိလပ္ေျမ ထုတ္လုပ္သူမ်ားအသင္းဥကၠ႒က သုံးစြဲသူျပည္သူမ်ား သယ္ယူစရိတ္သက္သာေစေရးအတြက္ ေဒသအတြင္းရွိ ဘိလပ္ေျမစက္႐ုံမ်ားကို တာဝန္ေပးအပ္၍ ထုတ္လုပ္ျဖန႔္ျဖဴး ေပးသြားႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ၈ ခုမွ ဘိလပ္ေျမမ်ား လိုအပ္ခ်ိန္မွာ ထုတ္လုပ္ေပးႏိုင္ေရး စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ပါတယ္။

အဲဒီေနာက္ ျမန္မာႏိုင္ငံဘိလပ္ေျမထုတ္လုပ္သူမ်ားအသင္း ညႇိႏႈိင္းအစည္းအေဝးကို ဆက္လက္က်င္းပရာ စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ခ်ာလီသန္းက ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က ထိခိုက္ပ်က္စီးခဲ့တဲ့ စက္႐ုံ၊ အလုပ္႐ုံမ်ား အျမန္ဆုံးလည္ပတ္ႏိုင္ေရးအတြက္ ကူညီ ေဆာင္႐ြက္ေပးရန္ လမ္းၫႊန္မႈျပဳခဲ့၍ စက္႐ုံ၊ အလုပ္႐ုံမ်ား၏ ထိခိုက္ပ်က္စီးခဲ့မႈအေျခအေနကို သိရွိႏိုင္ရန္ႏွင့္ လိုအပ္ ခ်က္မ်ားကို ထိေရာက္စြာ ျဖည့္ဆည္းေပးႏိုင္ေရးအတြက္ စက္႐ုံမ်ားသို႔ ကြင္းဆင္းသြားေရာက္၍ စက္အရန္ပစၥည္းမ်ား အခ်ိန္မီရရွိေရး၊ ကုန္ၾကမ္းသြင္းအားစုမ်ားရရွိေရး စတဲ့တို႔ကိုကူညီေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ ဘိလပ္ေျမ ထုတ္လုပ္သူမ်ားအသင္းႏွင့္ ဘိလပ္ေျမစက္႐ုံမ်ားမွ တာဝန္ရွိသူမ်ားအေနနဲ႔ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ားေဆာင္႐ြက္ စဥ္ေတြ႕ႀကဳံရတဲ့အခက္အခဲမ်ားရွိပါက ပြင့္ပြင့္လင္းလင္းတင္ျပေပးေစလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။ #PAN


ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရန် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးသွားမည်
=====================
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုမှာရှိတဲ့ ပြည်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ရန် အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများ အသင်းအဖွဲ့ (၃/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံဘိလပ်မြေ ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက သုံးစွဲသူပြည်သူများ သယ်ယူစရိတ်သက်သာစေရေးအတွက် ဒေသအတွင်းရှိ ဘိလပ်မြေစက်ရုံများကို တာဝန်ပေးအပ်၍ ထုတ်လုပ်ဖြန့်ဖြူး ပေးသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုမှ ဘိလပ်မြေများ လိုအပ်ချိန်မှာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့၍ စက်ရုံ၊ အလုပ်ရုံများ၏ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေကို သိရှိနိုင်ရန်နှင့် လိုအပ် ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံများသို့ ကွင်းဆင်းသွားရောက်၍ စက်အရန်ပစ္စည်းများ အချိန်မီရရှိရေး၊ ကုန်ကြမ်းသွင်းအားစုများရရှိရေး စတဲ့တို့ကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘိလပ်မြေ ထုတ်လုပ်သူများအသင်းနှင့် ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများအနေနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက် စဉ်တွေ့ကြုံရတဲ့အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ #PAN