မဂၤလာေဆာင္ၿပီး (၂) ပတ္အၾကာမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ လီဗာပူးလ္တိုက္စစ္ကစားသမား ဂ်ိဳတာ ေသဆုံး

မဂၤလာေဆာင္ၿပီး (၂) ပတ္အၾကာမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ လီဗာပူးလ္တိုက္စစ္ကစားသမား ဂ်ိဳတာ ေသဆုံး
=============================
လီဗာပူးလ္တိုက္စစ္ကစားသမား ဂ်ိဳတာဟာ မဂၤလာေဆာင္ၿပီး (၂) ပတ္အၾကာမွာပဲ စပိန္ႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈေၾကာင့္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ဂ်ိဳတာ(၂၈ ႏွစ္)ဟာ သူ႔ညီျဖစ္သူ အန္ဒရီ(၂၆ ႏွစ္)နဲ႔ စပိန္ႏိုင္ငံကို သြားေရာက္လည္ပတ္ခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ ေမာင္ႏွင္းလာတဲ့ ကားဟာ စပိန္ႏိုင္ငံ၊ ဇာမိုရာက A-52 လမ္းမွာ ယာဥ္မေတာ္တဆမႈျဖစ္ကာ ကားမီးေလာင္ခဲ့တာေၾကာင့္ အဲဒီေနရာမွာပဲ ႏွစ္ေယာက္စလုံး ပြဲခ်င္းၿပီး ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

ကာတယ္လီယာနဲ႔ လီယြန္ေဒသမွာ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕က ယာဥ္မေတာ္တဆမႈကို အတည္ျပဳခဲ့ၿပီး ကားမီးေလာင္ခဲ့ေၾကာင္းနဲ႔ ကားေပၚမွာ ပါလာတဲ့ လူႏွစ္ေယာက္စလုံး ေသဆုံးခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

ေပၚတူဂီတိုက္စစ္ကစားသမား ဂ်ိဳတာဟာ ကာလရွည္ၾကာလက္တြဲလာခဲ့တဲ့ ရည္းစားျဖစ္သူ ႐ူတီကာဒိုဆိုနဲ႔ ေပၚတိုမွာ မဂၤလာေဆာင္ၿပီး (၂) ပတ္အၾကာမွာ အခုလို ယာဥ္မေတာ္တဆမႈနဲ႔ ေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

ဂ်ိဳတာဟာ ကြယ္လြန္ခ်ိန္မွာ အသက္ (၂၈) ႏွစ္သာ ရွိေသးၿပီး ဇနီးသည္ျဖစ္သူ ႐ူတီကာဒိုဆိုနဲ႔အတူ ကေလး (၃) ဦး က်န္ရစ္ခဲ့ေၾကာင္း သိရပါတယ္။

ဂ်ိဳတာ ကြယ္လြန္တဲ့ သတင္းကို ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒ ပ႐ြန္ကာက အတည္ျပဳခဲ့ပါတယ္။ သူ႔ရဲ႕ထုတ္ျပန္ခ်က္မွာ “ဂ်ိဳတာနဲ႔ အန္ဒရီေဆးလ္ဗားတို႔ ဒီမနက္ စပိန္ႏိုင္ငံမွာ ယာဥ္မေတာ္တဆမႈနဲ႔ ေသဆုံးခဲ့ျခင္းအတြက္ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ေပၚတူဂီေဘာလုံးေလာကတစ္ခုလုံး ဝမ္းနည္းေၾကကြဲရပါတယ္”လို႔ ေရးသားခဲ့တာပါ။

ဂ်ိဳတာဟာ ကစားသမားဘဝကို ေပၚတူဂီကလပ္ ပါကို႔စ္ဒီဖာရဲရားအသင္းမွာ စတင္ခဲ့ၿပီး အက္သလက္တီကို၊ ေပၚတို၊ ဝုလ္ဗ္၊ လီဗာပူးလ္အသင္းတို႔မွာ ကစားခဲ့တာပါ။

သူဟာ လီဗာပူးလ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ FA ဖလားနဲ႔ လိဂ္ဖလားတို႔ကို ရယူႏိုင္ခဲ့ၿပီး ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္လည္း (၄၉) ပြဲ ကစားကာ အသင္းနဲ႔အတူ UEFA Nations League ခ်န္ပီယံဆုကို (၂) ႀကိမ္ ရယူႏိုင္ခဲ့ပါတယ္။


မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ ယာဉ်မတော်တဆမှုကြောင့် လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာ သေဆုံး
=============================
လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာဟာ မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာပဲ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျိုတာ(၂၈ နှစ်)ဟာ သူ့ညီဖြစ်သူ အန်ဒရီ(၂၆ နှစ်)နဲ့ စပိန်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ မောင်နှင်းလာတဲ့ ကားဟာ စပိန်နိုင်ငံ၊ ဇာမိုရာက A-52 လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ကာ ကားမီးလောင်ခဲ့တာကြောင့် အဲဒီနေရာမှာပဲ နှစ်ယောက်စလုံး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကာတယ်လီယာနဲ့ လီယွန်ဒေသမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ယာဉ်မတော်တဆမှုကို အတည်ပြုခဲ့ပြီး ကားမီးလောင်ခဲ့ကြောင်းနဲ့ ကားပေါ်မှာ ပါလာတဲ့ လူနှစ်ယောက်စလုံး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်ကစားသမား ဂျိုတာဟာ ကာလရှည်ကြာလက်တွဲလာခဲ့တဲ့ ရည်းစားဖြစ်သူ ရူတီကာဒိုဆိုနဲ့ ပေါ်တိုမှာ မင်္ဂလာဆောင်ပြီး (၂) ပတ်အကြာမှာ အခုလို ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဂျိုတာဟာ ကွယ်လွန်ချိန်မှာ အသက် (၂၈) နှစ်သာ ရှိသေးပြီး ဇနီးသည်ဖြစ်သူ ရူတီကာဒိုဆိုနဲ့အတူ ကလေး (၃) ဦး ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

ဂျိုတာ ကွယ်လွန်တဲ့ သတင်းကို ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပရွန်ကာက အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ထုတ်ပြန်ချက်မှာ “ဂျိုတာနဲ့ အန်ဒရီဆေးလ်ဗားတို့ ဒီမနက် စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးခဲ့ခြင်းအတွက် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ ပေါ်တူဂီဘောလုံးလောကတစ်ခုလုံး ဝမ်းနည်းကြေကွဲရပါတယ်”လို့ ရေးသားခဲ့တာပါ။

ဂျိုတာဟာ ကစားသမားဘဝကို ပေါ်တူဂီကလပ် ပါကို့စ်ဒီဖာရဲရားအသင်းမှာ စတင်ခဲ့ပြီး အက်သလက်တီကို၊ ပေါ်တို၊ ဝုလ်ဗ်၊ လီဗာပူးလ်အသင်းတို့မှာ ကစားခဲ့တာပါ။

သူဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း (၄၉) ပွဲ ကစားကာ အသင်းနဲ့အတူ UEFA Nations League ချန်ပီယံဆုကို (၂) ကြိမ် ရယူနိုင်ခဲ့ပါတယ်။