ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေပထုန္တန္ ယဥ္ေက်းမႈဝန္ႀကီးအျဖစ္ က်မ္းသစၥာဆို
ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေပထုန္တန္ ယဥ္ေက်းမႈဝန္ႀကီးအျဖစ္ က်မ္းသစၥာဆို
====================
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ထိုင္းဘုရင့္နန္းေတာ္မွာ ဒီေန႔ ဇူလိုင္ ၃ ရက္ေန႔မနက္ပိုင္းကျပဳလုပ္တဲ့ က်မ္းသစၥာက်ိန္ဆိုကို ထိုင္းဝန္ႀကီးခ်ဳပ္ကေနဆိုင္းငံ့ခံထားရတဲ့ ေပထုန္တန္ရွင္နာဝပ္ဟာ ယဥ္ေက်းမႈဝန္ႀကီးအျဖစ္နဲ႔ တက္ေရာက္လာတာေတြ႕ရတယ္လို႔ ထိုင္းသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
ေပထုန္တန္အပါအဝင္ ထပ္မံဖြဲ႕စည္းလိုက္တဲ့ အစိုးရအဖြဲ႕သစ္မွာပါဝင္တဲ့ ယာယီဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ယခင္ဒုဝန္ႀကီးခ်ဳပ္နဲ႔ ပို႔ေဆာင္ေရးဝန္ႀကီး မစၥတာ ဆူရီယာနဲ႔ ဝန္ႀကီးေတြရဲ႕က်မ္းသစၥာႀကိမ္ဆိုပြဲကို ထိုင္းဘုရင္မင္းျမတ္နဲ႔မိဖုရားတို႔ တက္ေရာက္ခဲ့ၾကပါတယ္။
ၿပီးခဲ့တဲ့လက ကေမာၻဒီယားလႊတ္ေတာ္ဥကၠ႒ ဟြန္ဆန္နဲ႔ ေပထုန္တန္တို႔ နယ္စပ္အေရးေဆြးေႏြးေျပာၾကားခဲ့တဲ့ အသံဖိုင္ေပါက္ၾကားမႈအေပၚ ထိုင္းႏိုင္ငံအတြင္း ဆႏၵျပမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ႏႈတ္ထြက္ေပးဖို႔ ဖိအားေပးခံရထားရတာျဖစ္ပါတယ္။
ေပထုန္တန္ဟာ ဝန္ႀကီးခ်ဳပ္အျဖစ္မွႏႈတ္ထြက္ဖို႔ ဖိအားေပးခံေနရေပမယ့္ Royal Gazette ကထုတ္ျပန္တဲ့ အစိုးရအဖြဲ႕သစ္မွာ ဝန္ႀကီးခ်ဳပ္နဲ႔ ယဥ္ေက်းမႈဝန္ႀကီးရာထူးကို ပူးတြဲတာဝန္ယူရန္ တာဝန္ေပးအပ္ထားျခင္းခံထားရတယ္လို႔လည္း သိရပါတယ္။
ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကျမ်းသစ္စာဆို
====================
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းဘုရင့်နန်းတော်မှာ ဒီနေ့ ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းကပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုကို ထိုင်းဝန်ကြီးချုပ်ကနေဆိုင်းငံ့ခံထားရတဲ့ ပေထုန်တန်ရှင်နာဝပ်ဟာ ယဉ်ကျေးမှုဝန်ကြီးအဖြစ်နဲ့ တက်ရောက်လာတာတွေ့ရတယ်လို့ ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ပေထုန်တန်အပါအဝင် ထပ်မံဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်မှာပါဝင်တဲ့ ယာယီဝန်ကြီးချုပ်ဖြစ်တဲ့ ယခင်ဒုဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး မစ္စတာ ဆူရီယာနဲ့ ဝန်ကြီးတွေရဲ့ကျမ်းသစ္စာကြိမ်ဆိုပွဲကို ထိုင်းဘုရင်မင်းမြတ်နဲ့မိဖုရားတို့ တက်ရောက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ကမ္ဘောဒီယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ပေထုန်တန်တို့ နယ်စပ်အရေးဆွေးနွေးပြောကြားခဲ့တဲ့ အသံဖိုင်ပေါက်ကြားမှုအပေါ် ထိုင်းနိုင်ငံအတွင်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ပေးဖို့ ဖိအားပေးခံရထားရတာဖြစ်ပါတယ်။
ပေထုန်တန်ဟာ ဝန်ကြီးချုပ်အဖြစ်မှနှုတ်ထွက်ဖို့ ဖိအားပေးခံနေရပေမယ့် Royal Gazette ကထုတ်ပြန်တဲ့ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှုဝန်ကြီးရာထူးကို ပူးတွဲတာဝန်ယူရန် တာဝန်ပေးအပ်ထားခြင်းခံထားရတယ်လို့လည်း သိရပါတယ်။