=================================
ဇေယျာသီရိ ဇူလိုင် ၂
ဇေယျာသီရိမြို့နယ်ပါတီရုံး၌ ပြုလုပ်သော တောင်သူလယ်သမားများနှင့်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊တောင်သူ လယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်တက်ရောက်
=================================
ဇေယျာသီရိ ဇူလိုင် ၂
ယနေ့ ဇူလိုင်(၂)ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်က ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသောမြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေရှင်းဥက္ကဋ္ဌဦးဆောင်သောအဖွဲ့နှင့် ဇေယျာသီရိမြို့နယ်၊( ၁၆)အုပ်စုရှိ တောင်သူလယ်သမားများတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအလုပ်အမှုဆောင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ
ဦးအောင်တင်မြင့် တက်ရောက်ခဲ့ပြီးပြည်ခိုင်ဖြိုးပါတီမှတောင်သူလယ်သမားအရေးကိစ္စများနှင့်ပတ်သက်ပြီးဆောင်ရွက်နေမှုလုပ်ငန်းစဥ်များ၊ဆက်လက်ဆောင်ရွက်ပေးမည့်လုပ်ငန်းစဥ်များနှင့်တောင်သူလယ်သမားများနှင့်ပတ်သက်ပြီးပါတီမှချမှတ်ထားသောမူဝါဒများ၊သဘောထားများရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီးဖောင်ဒေးရှင်ဥက္ကဋ္ဌမှမိတ်ဆက်စကားပြောကြားပြီးဖောင်ဒေးရှင်း၏ရည်ရွယ်
ချက်၊သဘောထားနှင့်လက်ရှိဆောင်ရွက်နေသည့်အခြေအနေများအားရှင်းလင်းပြောကြားခဲ့ပါသည်။
တက်ရောက်လာသာတောင်သူလယ်သမားများမှ လတ်တလောကြုံတွေ့နေရသောအခက်အခဲများ
တင်ပြဆွေးနွေးမှုကိုဖောင်ဒေးရှင်းဥက္ကဋ္ဌမှအသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။