ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ YOUTH TALK စကားဝိုင္းေဆြးေႏြးပြဲ က်င္းပျပဳလုပ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ YOUTH TALK စကားဝိုင္းေဆြးေႏြးပြဲ က်င္းပျပဳလုပ္
==========================
ဇူလိုင္ ၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ႀကီးမႉး၍ အနာဂတ္ႏိုင္ငံေတာ္ႏွင့္ လူငယ္မ်ား၏အခန္းက႑ ေခါင္းစဥ္ျဖင့္ လူငယ္စကားဝိုင္းေဆြးေႏြးပြဲ YOUTH TALK အစီအစဥ္တစ္ရပ္ကို ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လ ၁ ရက္ေန႔ နံနက္ (၉)ရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ သင္တန္းေက်ာင္းရွိ ျပည္ေထာင္စုခန္းမ၌ က်င္းပျပဳလုပ္ခဲ့ပါသည္။

အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဥကၠ႒ ဦးခင္ရီက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ေဆြးေႏြးပြဲ ပထမပိုင္းအေနျဖင့္ ပဲခူးတိုင္းေဒသႀကီး(အေနာက္ပိုင္း) တိုင္းပါတီေကာ္မတီဝင္ ေဒၚဇာျခည္လြင္မွ Moderator အျဖစ္ေဆာင္႐ြက္ၿပီး ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္ေထာင္စုနယ္ေျမတို႔မွ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေဆာင္႐ြက္ေနသူ၊ အဆင့္ျမင့္ပညာရပ္မ်ားအား သင္ၾကားဆည္းပူးေနသူမ်ားပါဝင္ေသာ လူငယ္အစုအဖြဲ႕(၁)မွ လူငယ္ႏွင့္ပညာေရး၊ စီးပြားေရး ေခါင္းစဥ္ျဖင့္ ေဆြးေႏြးၾကရာ တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ားအား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့ၾကၿပီး ေဆြးေႏြးပြဲအား ေခတၱခဏရပ္နားခဲ့ပါသည္။

၎ေနာက္ မြန္းလြဲ (၁)နာရီအခ်ိန္တြင္ ေဆြးေႏြးပြဲ ဒုတိပိုင္းအား ဆက္လက္ျပဳလုပ္ရာ ပါတီဌာနခ်ဳပ္ ဥပေဒေရးရာဌာနမွ ဒုတိယဌာနမႉး ဦးထင္လင္းေက်ာ္မွ Moderator အျဖစ္ေဆာင္႐ြက္ၿပီး မႏၲေလးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းတို႔မွ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသူ၊ အဆင့္ျမင့္ပညာ IT ပညာ ဆည္းပူးေနသူမ်ား ပါဝင္ေသာ လူငယ္အစုအဖြဲ႕(၂)မွ လူငယ္ႏွင့္ႏိုင္ငံေရး၊ နည္းပညာ ေခါင္းစဥ္ျဖင့္လည္းေကာင္းအသီးသီးေဆြးေႏြးၾကရာ တက္ေရာက္လာသူမ်ားမွ သိရွိလိုသည္မ်ားအား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့ၾကပါသည္။

ဆက္လက္ၿပီး ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌး၊ လူငယ္ေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေအာင္ျမတ္ဦးတို႔မွ ေဆြးေႏြးခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ အႀကံျပဳျဖည့္စြက္ေဆြးေႏြးခဲ့ၿပီး ဒုတိယဥကၠ႒ ဦးျမတ္ဟိန္းက ဂုဏ္ျပဳအမွာစကား ေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေဆြးေႏြးပြဲအား ညေန (၄)နာရီ (၃၀)မိနစ္အခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။

အဆိုပါ YOUTH TALK ေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္သည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိမ္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္မွ လူငယ္ေရးရာတာဝန္ခံမ်ား၊ လူငယ္ပါတီဝင္မ်ား၊ ပါတီဝန္းရံသူမ်ား၊ ေဆြးေႏြးပြဲသို႔ စိတ္ပါဝင္စားသူမ်ား အင္အား (၁၀၀)ဦးခန႔္ တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ YOUTH TALK စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
==========================
ဇူလိုင် ၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ YOUTH TALK အစီအစဉ်တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက် (၉)ရီအချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲ ပထမပိုင်းအနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တိုင်းပါတီကော်မတီဝင် ဒေါ်ဇာခြည်လွင်မှ Moderator အဖြစ်ဆောင်ရွက်ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေတို့မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူ၊ အဆင့်မြင့်ပညာရပ်များအား သင်ကြားဆည်းပူးနေသူများပါဝင်သော လူငယ်အစုအဖွဲ့(၁)မှ လူငယ်နှင့်ပညာရေး၊ စီးပွားရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအား ခေတ္တခဏရပ်နားခဲ့ပါသည်။

၎င်းနောက် မွန်းလွဲ (၁)နာရီအချိန်တွင် ဆွေးနွေးပွဲ ဒုတိပိုင်းအား ဆက်လက်ပြုလုပ်ရာ ပါတီဌာနချုပ် ဥပဒေရေးရာဌာနမှ ဒုတိယဌာနမှူး ဦးထင်လင်းကျော်မှ Moderator အဖြစ်ဆောင်ရွက်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ၊ အဆင့်မြင့်ပညာ IT ပညာ ဆည်းပူးနေသူများ ပါဝင်သော လူငယ်အစုအဖွဲ့(၂)မှ လူငယ်နှင့်နိုင်ငံရေး၊ နည်းပညာ ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦးတို့မှ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲအား ညနေ (၄)နာရီ (၃၀)မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ YOUTH TALK ဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ လူငယ်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူများ အင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။