EV တင္သြင္းသူမ်ား အနိမ့္ဆုံး စံႏႈန္းသတ္မွတ္ခ်က္တစ္ခု သတ္မွတ္ထုတ္ျပန္

EV တင္သြင္းသူမ်ား အနိမ့္ဆုံး စံႏႈန္းသတ္မွတ္ခ်က္တစ္ခု သတ္မွတ္ထုတ္ျပန္
=========================
EV တင္သြင္းရာမွာ လွ်ပ္စစ္သုံးယာဥ္အေရာင္းျပခန္း ဖြင့္လွစ္ႏိုင္ေရး အနိမ့္ဆုံး စံႏႈန္းသတ္မွတ္ခ်က္ကို သတ္မွတ္ရာ၌ ၿခံအက်ယ္အဝန္း ၁၀,၀၀၀ စတုရန္းေပ (အေရာင္းျပခန္းႏွင့္ Service Center ဧရိယာႏွင့္ ဧည့္နား ေနခန္း၏ စုစုေပါင္းဧရိယာသည္ ၅,၀၀၀ စတုရန္းေပရွိရမွာျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန သတ္မွတ္ထုတ္ျပန္ထားပါတယ္။

ထုတ္ျပန္ခ်က္တြင္ Pilot Project ကာလအတြင္း ျပည္ပမွ လွ်ပ္စစ္သုံးယာဥ္တင္သြင္းျခင္းဆိုင္ရာ လိုက္နာရမည့္ စည္းကမ္းခ်က္မ်ားကို ေမလ ၂၉ ရက္ ရက္စြဲနဲ႔ သတ္မွတ္ထုတ္ျပန္ခဲ့ရာ သတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းႏွင့္ခြင့္ျပဳ ထားတဲ့ အစီးအေရအတြက္ကိုသာ တင္သြင္းရမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ လွ်ပ္စစ္သုံးယာဥ္တင္သြင္းမည့္ကုမၸဏီက တင္သြင္းမည့္လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ လိုအပ္တဲ့ အာမခံမႈ၊ အပိုပစၥည္းမ်ား (Spare Parts) ရရွိႏိုင္မႈႏွင့္ ေရာင္းခ်ၿပီးေနာက္ပိုင္း
ျပင္ဆင္မႈမ်ား (After-Sale Service) ကို ေဆာင္႐ြက္ႏိုင္သည့္ အစီအမံထားရွိရမည္ျဖစ္ေၾကာင္း သတ္မွတ္ထားပါတယ္။

သက္ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕၏ ခြင့္ျပဳမိန႔္ႏွင့္သက္ဆိုင္ရာ စည္ပင္သာယာေရး အဖြဲ႕မ်ားထံမွ လုပ္ငန္းလိုင္စင္ႏွင့္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္အသစ္မ်ား ျဖန႔္ျဖဴး ေရာင္းခ်ေရး ကိုယ္စားလွယ္ (Distributorship)သို႔မဟုတ္ အေရာင္းကိုယ္စားလွယ္ (Dealership)အျဖစ္ တရားဝင္ခန႔္အပ္ျခင္းခံရသည့္ ကုမၸဏီ ျဖစ္ရမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ အခြန္ကင္းရွင္းေၾကာင္း၊ အေရာင္းျပခန္းဖြင့္လွစ္မည့္ေနရာ၊ အေဆာက္အဦး၊ သိုေလွာင္႐ုံတို႔ကို ထုတ္ျပန္ေသာ စံႏႈန္းသတ္မွတ္ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

အေရာင္းျပခန္းႏွင့္ သိုေလွာင္႐ုံေနရာက ယင္းအေရာင္းျပခန္းဖြင့္လွစ္မည့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္တစ္ခု အတြင္းမွသာ တည္ရွိရမည္ျဖစ္ၿပီး ဗဟိုဘဏ္က အသိအမွတ္ ျပဳတဲ့ ဘဏ္မွာ ျမန္မာေငြက်ပ္သိန္း ၅၀၀ ေပးသြင္း ထားေၾကာင္း ဘဏ္အာမခံခ်က္ (Bank Guarantee) တင္ျပရမယ္လို႔ ေဖာ္ျပထားပါတယ္။

ဤအမိန႔္ေၾကာ္ျငာစာပါ လွ်ပ္စစ္သုံးယာဥ္ဟူေသာစကားရပ္တြင္ လွ်ပ္စစ္သုံးလူစီးယာဥ္ႏွင့္ ခရီးသည္တင္ ယာဥ္တို႔အက်ဳံးဝင္ၿပီး ဘက္ထရီသုံး လွ်ပ္စစ္သုံးယာဥ္ (Battery Electric Vehicle-BEV) ယာဥ္မ်ားသာ ျဖစ္ေၾကာင္း၊ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၂၆ ခုႏွစ္၊ မတ္လ ၃၁ ရက္အထိအက်ိဳးသက္ေရာက္ေစရးမည္ျဖစ္ပါတယ္။

ပူးတြဲေဖာ္ျပခ်က္အရ လွ်ပ္စစ္သုံးယာဥ္အေရာင္းျပ ခန္းဖြင့္လွစ္ႏိုင္ေရး အနိမ့္ဆုံးစံႏႈန္းသတ္မွတ္ခ်က္မ်ားတြင္ ၿခံအက်ယ္အဝန္း၁၀,၀၀၀ စတုရန္းေပ ရွိမွာ ျဖစ္ပါတယ္။

အေသးစိတ္အေနျဖင့္ အေရာင္းျပခန္းႏွင့္ Service Center ဧရိယာႏွင့္ ဧည့္နားေနခန္း၏ စုစုေပါင္းဧရိယာသည္ ၅,၀၀၀ စတုရန္းေပရွိရမွာျဖစ္ၿပီး ၅,၀၀၀ စတုရန္းေပ (အမိုး၊ အကာ တည္ေဆာက္ၿပီးျဖစ္ရမည္၊ သိုေလွာင္႐ုံအတြင္းရွိ ပစၥည္းမ်ားရွင္းလင္းၿပီးျဖစ္ရမည္ျဖစ္သလို ၅၀ စတုရန္းေပ Distributor/Dealer အျဖစ္ ခန႔္အပ္ခံရတဲ့ ယာဥ္၏ အမွတ္တံဆိပ္ကို ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ တပ္ဆင္ရမွာ ျဖစ္ပါတယ္။ #PAN


EV တင်သွင်းသူများ အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်တစ်ခု သတ်မှတ်ထုတ်ပြန်
=========================
EV တင်သွင်းရာမှာ လျှပ်စစ်သုံးယာဉ်အရောင်းပြခန်း ဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်ကို သတ်မှတ်ရာ၌ ခြံအကျယ်အဝန်း ၁၀,၀၀၀ စတုရန်းပေ (အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နား နေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမှာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်တွင် Pilot Project ကာလအတွင်း ပြည်ပမှ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းချက်များကို မေလ ၂၉ ရက် ရက်စွဲနဲ့ သတ်မှတ်ထုတ်ပြန်ခဲ့ရာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနှင့်ခွင့်ပြု ထားတဲ့ အစီးအရေအတွက်ကိုသာ တင်သွင်းရမယ်လို့ သိရပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တင်သွင်းမည့်ကုမ္ပဏီက တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်များအတွက် လိုအပ်တဲ့ အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရရှိနိုင်မှုနှင့် ရောင်းချပြီးနောက်ပိုင်း
ပြင်ဆင်မှုများ (After-Sale Service) ကို ဆောင်ရွက်နိုင်သည့် အစီအမံထားရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။

သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုမိန့်နှင့်သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်းလိုင်စင်နှင့် လျှပ်စစ်သုံးမော်တော်ယာဉ်အသစ်များ ဖြန့်ဖြူး ရောင်းချရေး ကိုယ်စားလှယ် (Distributorship)သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership)အဖြစ် တရားဝင်ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီ ဖြစ်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခွန်ကင်းရှင်းကြောင်း၊ အရောင်းပြခန်းဖွင့်လှစ်မည့်နေရာ၊ အဆောက်အဦး၊ သိုလှောင်ရုံတို့ကို ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာက ယင်းအရောင်းပြခန်းဖွင့်လှစ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းမှသာ တည်ရှိရမည်ဖြစ်ပြီး ဗဟိုဘဏ်က အသိအမှတ် ပြုတဲ့ ဘဏ်မှာ မြန်မာငွေကျပ်သိန်း ၅၀၀ ပေးသွင်း ထားကြောင်း ဘဏ်အာမခံချက် (Bank Guarantee) တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ဤအမိန့်ကြော်ငြာစာပါ လျှပ်စစ်သုံးယာဉ်ဟူသောစကားရပ်တွင် လျှပ်စစ်သုံးလူစီးယာဉ်နှင့် ခရီးသည်တင် ယာဉ်တို့အကျုံးဝင်ပြီး ဘက်ထရီသုံး လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) ယာဉ်များသာ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိအကျိုးသက်ရောက်စေရးမည်ဖြစ်ပါတယ်။

ပူးတွဲဖော်ပြချက်အရ လျှပ်စစ်သုံးယာဉ်အရောင်းပြ ခန်းဖွင့်လှစ်နိုင်ရေး အနိမ့်ဆုံးစံနှုန်းသတ်မှတ်ချက်များတွင် ခြံအကျယ်အဝန်း၁၀,၀၀၀ စတုရန်းပေ ရှိမှာ ဖြစ်ပါတယ်။

အသေးစိတ်အနေဖြင့် အရောင်းပြခန်းနှင့် Service Center ဧရိယာနှင့် ဧည့်နားနေခန်း၏ စုစုပေါင်းဧရိယာသည် ၅,၀၀၀ စတုရန်းပေရှိရမှာဖြစ်ပြီး ၅,၀၀၀ စတုရန်းပေ (အမိုး၊ အကာ တည်ဆောက်ပြီးဖြစ်ရမည်၊ သိုလှောင်ရုံအတွင်းရှိ ပစ္စည်းများရှင်းလင်းပြီးဖြစ်ရမည်ဖြစ်သလို ၅၀ စတုရန်းပေ Distributor/Dealer အဖြစ် ခန့်အပ်ခံရတဲ့ ယာဉ်၏ အမှတ်တံဆိပ်ကို နိုင်ငံတကာစံနှုန်းနှင့်အညီ တပ်ဆင်ရမှာ ဖြစ်ပါတယ်။ #PAN