လီဗာပူးအသင္းမွထြက္ခြာမည့္ ေတာင္ပံကစားသမား ဒီယက္ဇ္ကို ဘိုင္ယန္ျမဴးနစ္ အသင္း ေခၚယူရန္ႀကိဳးပမ္းေန
လီဗာပူးအသင္းမွထြက္ခြာမည့္ ေတာင္ပံကစားသမား ဒီယက္ဇ္ကို ဘိုင္ယန္ျမဴးနစ္ အသင္း ေခၚယူရန္ႀကိဳးပမ္းေန
==========================
လက္ရွိကစားသမား အေျပာင္းအေ႐ႊ႕ကာလတြင္ အသင္းမွထြက္ခြာမည့္ ေတာင္ပံကစားသမား ဒီယက္ဇ္ကို ဘာစီလိုနာအသင္းႏွင့္အၿပိဳင္ ဂ်ာမန္ထိပ္တန္းကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ေခၚယူရန္ ႀကိဳးပမ္း ေနေၾကာင္း သိရသည္။
အသက္ ၂၈ ႏွစ္အ႐ြယ္ ဒီယက္ဇ္သည္ ၂၀၂၁ ခုႏွစ္က ေပၚတိုအသင္းမွ လီဗာပူးအသင္းသို႔ ေျပာင္းေ႐ႊ႕ကစားခဲ့ကာ အသင္းႏွင့္အတူ ေဘာလုံးရာသီတိုင္းတြင္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ၿပီး ယခုႏွစ္ေဘာလုံး ရာသီတြင္လည္း ၿပိဳင္ပြဲစုံ ပြဲေပါင္း ၅၀ ပါဝင္ ကစားခဲ့ကာ ၁၇ ဂိုးသြင္းယူႏိုင္ၿပီး ဂိုးဖန္တီးမႈ ငါးႀကိမ္ျပဳလုပ္ႏိုင္ခဲ့သူျဖစ္သည္။
သို႔ေသာ္ ဒီယက္ဇ္သည္ ယခုေဘာလုံးရာသီတြင္ နည္းျပအာနီဆေလာ့ လက္ေအာက္၌ ပြဲ ၅၀ အထိ ပါဝင္ကစားခြင့္ရရွိခဲ့ေသာ္လည္း ပြဲစဥ္အမ်ားစုကို လူစားဝင္ကစားသမား အျဖစ္သာ ပါဝင္ကစားခြင့္ရရွိခဲ့သည့္အတြက္ လက္ရွိကစားသမား အေျပာင္းအေ႐ႊ႕ ကာလအစပိုင္းကတည္းက အသင္းမွထြက္ခြာရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။
လီဗာပူးအသင္းကလည္း အသင္းတိုက္စစ္ပိုင္းတြင္ ဆာလက္ခ်္၊ ဂတ္ပို၊ ဂ်ိဳတာတို႔ရွိေနသည့္အတြက္ ဒီယက္ဇ္ကို အသင္းမွ ထြက္ခြာခြင့္ျပဳထားၿပီး အေစာ ပိုင္းကတည္းက ဘာစီလိုနာအသင္းႏွင့္ အေျပာင္းအေ႐ႊ႕သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္သည္။
ဒီယက္ဇ္ကိုယ္တိုင္က လီဗာပူးအသင္းမွ ထြက္ခြာ ရန္ဆုံးျဖတ္ခဲ့ၿပီးေနာက္ ဘာစီလိုနာ အသင္းသို႔ေျပာင္းေ႐ႊ႕ကစားရန္ ႀကိဳးပမ္းေနေသာ္လည္း ဘာစီလိုနာ အသင္းအေနျဖင့္ ေငြေၾကးပိုင္း အက်ပ္အတည္းမ်ား ရွိေနေသာေၾကာင့္ ဒီယက္ဇ္ကိုေခၚယူလိုေနေသာ္ လည္း တရားဝင္ကမ္းလွမ္းမႈ မလုပ္ေဆာင္ႏိုင္ေသး ျခင္းျဖစ္သည္။
ဘိုင္ယန္ျမဴးနစ္အသင္းကလည္း လက္ရွိကစားသမား အေျပာင္းအေ႐ႊ႕ကာလတြင္ အသင္းေတာင္ပံ တိုက္စစ္ပိုင္းမွ ဝါရင့္ကစားသမား ဆာေနး ထြက္ခြာခဲ့သည့္အတြက္ ၎၏ေနရာ၌ တိုက္စစ္ကစားသမား တစ္ဦး ရွာေဖြမႈမ်ား လုပ္ေဆာင္ေနေသာေၾကာင့္ ယခုအခါ လီဗာပူးအသင္းမွ ထြက္ခြာမည့္ ဒီယက္ဇ္ကို ဘာစီလိုနာအသင္းႏွင့္ အၿပိဳင္ ေခၚယူရန္ႀကိဳးပမ္းလ်က္ ရွိေၾကာင္း သိရသည္။
လီဗာပူးအသင်းမှထွက်ခွာမည့် တောင်ပံကစားသမား ဒီယက်ဇ်ကို ဘိုင်ယန်မြူးနစ် အသင်း ခေါ်ယူရန်ကြိုးပမ်းနေ
==========================
လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည့် တောင်ပံကစားသမား ဒီယက်ဇ်ကို ဘာစီလိုနာအသင်းနှင့်အပြိုင် ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းကလည်း ခေါ်ယူရန် ကြိုးပမ်း နေကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ်သည် ၂၀၂၁ ခုနှစ်က ပေါ်တိုအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံး ရာသီတွင်လည်း ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ ပါဝင် ကစားခဲ့ကာ ၁၇ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။
သို့သော် ဒီယက်ဇ်သည် ယခုဘောလုံးရာသီတွင် နည်းပြအာနီဆလော့ လက်အောက်၌ ပွဲ ၅၀ အထိ ပါဝင်ကစားခွင့်ရရှိခဲ့သော်လည်း ပွဲစဉ်အများစုကို လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့သည့်အတွက် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလအစပိုင်းကတည်းက အသင်းမှထွက်ခွာရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
လီဗာပူးအသင်းကလည်း အသင်းတိုက်စစ်ပိုင်းတွင် ဆာလက်ချ်၊ ဂတ်ပို၊ ဂျိုတာတို့ရှိနေသည့်အတွက် ဒီယက်ဇ်ကို အသင်းမှ ထွက်ခွာခွင့်ပြုထားပြီး အစော ပိုင်းကတည်းက ဘာစီလိုနာအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ဒီယက်ဇ်ကိုယ်တိုင်က လီဗာပူးအသင်းမှ ထွက်ခွာ ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ဘာစီလိုနာ အသင်းသို့ပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေသော်လည်း ဘာစီလိုနာ အသင်းအနေဖြင့် ငွေကြေးပိုင်း အကျပ်အတည်းများ ရှိနေသောကြောင့် ဒီယက်ဇ်ကိုခေါ်ယူလိုနေသော် လည်း တရားဝင်ကမ်းလှမ်းမှု မလုပ်ဆောင်နိုင်သေး ခြင်းဖြစ်သည်။
ဘိုင်ယန်မြူးနစ်အသင်းကလည်း လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းတောင်ပံ တိုက်စစ်ပိုင်းမှ ဝါရင့်ကစားသမား ဆာနေး ထွက်ခွာခဲ့သည့်အတွက် ၎င်း၏နေရာ၌ တိုက်စစ်ကစားသမား တစ်ဦး ရှာဖွေမှုများ လုပ်ဆောင်နေသောကြောင့် ယခုအခါ လီဗာပူးအသင်းမှ ထွက်ခွာမည့် ဒီယက်ဇ်ကို ဘာစီလိုနာအသင်းနှင့် အပြိုင် ခေါ်ယူရန်ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။