UFC-317 ၿပိဳင္ပြဲက ဂ်ိဳရႈအာဗန္-ဘရန္ဒန္ ႐ြိဳင္ဗယ္ပြဲကို Fight of the Month အျဖစ္ UFC ေ႐ြးခ်ယ္

UFC-317 ၿပိဳင္ပြဲက ဂ်ိဳရႈအာဗန္-ဘရန္ဒန္ ႐ြိဳင္ဗယ္ပြဲကို Fight of the Month အျဖစ္ UFC ေ႐ြးခ်ယ္

နာမည္ေက်ာ္တိုက္ခိုက္ေရး အဖြဲ႕အစည္းျဖစ္တဲ့ UFC ဟာ ျမန္မာစံေတာ္ခ်ိန္ ဇြန္ ၂၉ ရက္ နံနက္အေစာပိုင္းက က်င္းပတဲ့ UFC-317 ၿပိဳင္ပြဲက ျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္နဲ႔ အေမရိကန္ဖိုက္တာ ဘရန္ဒန္႐ြိဳင္ဗယ္ပြဲကို ဇြန္လအတြက္ Fight of the Month အျဖစ္ ေ႐ြးခ်ယ္ခဲ့တယ္လို႔ ဇူလိုင္ ၁ ရက္ နံနက္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။

ဂ်ိဳရႈအာဗန္နဲ႔ ဘရန္ဒန္႐ြိဳင္ဗယ္ပြဲဟာ ပရိသတ္အႀကိဳက္ေတြ႕ခဲ့တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး ျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္က အမွတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

အဲဒီပြဲကို UFC-317 ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးပြဲ Fight of the Night အျဖစ္ ေ႐ြးခ်ယ္ခဲ့သလို ဇြန္လအတြက္ အေကာင္းဆုံးပြဲအျဖစ္ပါ ထပ္မံ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳရႈအာဗန္ဟာ နာမည္ေက်ာ္တိုက္ခိုက္ေရး အဖြဲ႕အစည္းျဖစ္တဲ့ UFC မွာ ပထမဆုံးထိုးသတ္ခြင့္ရတဲ့ ျမန္မာဖိုက္တာတစ္ဦးျဖစ္ၿပီး ဘရန္ဒန္႐ြိဳင္ဗယ္ကို အႏိုင္ရၿပီးေနာက္ ဖလိုင္းဝိတ္တန္း ခ်န္ပီယံခါးပတ္ စိန္ေခၚခြင့္ရရွိခဲ့ပါတယ္။


UFC-317 ပြိုင်ပွဲက ဂျိုရှုအာဗန်-ဘရန်ဒန် ရွိုင်ဗယ်ပွဲကို Fight of the Month အဖြစ် UFC ရွေးချယ်

နာမည်ကျော်တိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UFC ဟာ မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် နံနက်အစောပိုင်းက ကျင်းပတဲ့ UFC-317 ပြိုင်ပွဲက မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်ပွဲကို ဇွန်လအတွက် Fight of the Month အဖြစ် ရွေးချယ်ခဲ့တယ်လို့ ဇူလိုင် ၁ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဂျိုရှုအာဗန်နဲ့ ဘရန်ဒန်ရွိုင်ဗယ်ပွဲဟာ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး မြန်မာဖိုက်တာ ဂျိုရှုအာဗန်က အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အဲဒီပွဲကို UFC-317 ပြိုင်ပွဲရဲ့ အကောင်းဆုံးပွဲ Fight of the Night အဖြစ် ရွေးချယ်ခဲ့သလို ဇွန်လအတွက် အကောင်းဆုံးပွဲအဖြစ်ပါ ထပ်မံ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျိုရှုအာဗန်ဟာ နာမည်ကျော်တိုက်ခိုက်ရေး အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးထိုးသတ်ခွင့်ရတဲ့ မြန်မာဖိုက်တာတစ်ဦးဖြစ်ပြီး ဘရန်ဒန်ရွိုင်ဗယ်ကို အနိုင်ရပြီးနောက် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရရှိခဲ့ပါတယ်။